ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ "သား၊ သမီးတွေရဲ့ဘဝ မနာကျင်ရအောင် မိဘတွေအနေနဲ့ ဘာတွေကို မပြုလုပ်သင့်ဘူးလဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ မိဘနဲ့ သားသမီးကြား ကောင်းမွန်သင့်မြတ်တဲ့ ဆက်ဆံရေးမျိုးရရှိအောင် ဘယ်လိုမျိုးတွေက ပြုလုပ်သင့်တယ်၊ မပြုလုပ်သင့်ဘူးဆိုတာကို ဗဟုသုတဖြစ်ဖွယ် ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်း စုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ပထမဦး မိဘတွေအနေနဲ့ ကိုယ့်သား၊ သမီးတွေကို ဂရုတစိုက်စောင့်ကြည့်တာထက်ပိုပြီး မိမိကွယ်ရာမှာ မဟုတ်တာတွေများလုပ်နေမလား၊ အရွယ်ရောက်လာတာနဲ့အမျှ သံသယမျက်လုံးတွေနဲ့ မကြည့်သင့်ပါဘူး။ ထိုကဲ့သို့လုပ်တာမျိုးက သားသမီးတွေပေါ်မှာ ယုံကြည်မှုလျော့နေစေသလို ကိုယ်ရဲ့မိဘတွေအပေါ်မှာလည်း မကောင်းမြင်တဲ့စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့သား၊ သမီးတွေကို ငယ်စဉ်ကတည်းက တာဝန်ယူမှု၊ တာဝန်ခံမှုစိတ် အပြည့်ရှိအောင် နွေးထွေးတဲ့မေတ္တာနဲ့ သင်ကြားပြသပေးပြီး နားလည်ပေးသင့်တဲ့ ကိစ္စတွေကို မျက်ကွယ်ပြုလို့မရပါဘူးနော်။

photo credit pngtree

နောက်ပြီး ကိုယ့် သား၊သမီးတွေရဲ့ စိတ်ခံစားချက်ကိုလည်း လစ်လျူရှုလို့မရပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေရဲ့ စိတ်က အရမ်းကို နူးညံ့ပြီး၊ ထိခိုက်ပွန်းရှလွယ်တာမလို့ အပြစ်တင်တာတို့၊ ဆူပူတာတို့လုပ်တဲ့အခါမှာ (ဘာကြောင့်ဒီလိုဖြစ်ရတယ်၊ ဘာကြောင့်ဒီလိုလုပ်တယ်) ဆိုတဲ့ ပြဿနာ အရင်းအမြစ်ကိုသေချာစုံစမ်းပြီးမှ ချိန့်ချိန်ပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ငယ်စဉ်ကတည်းက စိတ်ထိခိုက်စရာ၊ ဘဝနာကျင်စရာတွေ မရှိပဲ အသက်အရွယ်နဲ့အမျှ ထူးချွန်ထက်မြတ်တဲ့ အနာဂတ် သားသား၊ မီးမီးလေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ယခုဖော်ပြပါ သတင်းသည် admin၏ အကြံဉာဏ်ပေး ဆွေးနွေးတင်ပြချက်သာဖြစ်ပြီး အမှားတစ်စုံ၊ တစ်ရာပါရှိပါက ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။