အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားလေးတစ်ယောက် ထွန်းကားခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့ချစ်ကြတဲ့ အောင်သူတို့စုံတွဲလေးက သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကောင်းတဲ့ သူတို့မိသားစုလေးကိုတော့ ပရိသတ်တွေကပါ အားကျချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB

အခုလည်း အောင်သူနဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံက အားလပ်ရက်ရတုန်းမှာ သားလေးနဲ့အတူ အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ ကမ်းခြေကို ပျော်ပျော်ပါးပါး ခရီးထွက်လာတဲ့ အောင်သူတို့မိသားစုလေးကတော့ တကယ့်ကို ကြည်နူးဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပိုးအိအိခန့်က သူမတို့မိသားစုသုံးယောက်ရဲ့ အမှတ်တရပုံလေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB

ပိုးအိအိခန့်က ကမ်းခြေမှာမိသားစုသုံးယောက် ဆင်တူအင်္ကျီလေးတွေဝတ်ပြီး ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။သားလေးသွင်ဦးဟန်ကတော့ ဖေဖေနဲ့မေမေရဲ့အလယ်မှာထိုင်နေပြီး အရမ်းချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးချမ်းမြေ့ဖွယ်ကောင်းတဲ့ အောင်သူတို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Poe Ei Ei Khant's FB 

Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။