ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ အနုပညာအလုပ်ကိုကြိုးစားလုပ်ဆောင်တာကြောင့် ပရိသတ်တွေကလည်းအသိအမှတ်ပြုအားပေးကြတာဖြစ်ပါတယ်နော်။ပိုးကြာဖြူခင်ကလည်း Mrtv4 ဇာတ်လမ်းတွဲတွေမှာလည်းပါဝင်သရုပ်ဆောင်သလို ကြော်ငြာတွေအများအပြားလည်း ရိုက်ကူးနေတာဖြစ်လို့ သူမရဲ့အနုပညာခြေလှမ်းတွေကတော့အရမ်းစိပ်နေတာဖြစ်ပါတယ်။

Photo Credit:Poe Kyar Phyu Khin's Facebook
Photo Credit:Poe Kyar Phyu Khin's Facebook
Photo Credit:Poe Kyar Phyu Khin's Facebook

ပိုးကြာဖြူခင်ကတော့ မကြာတော့မယ့်ရက်မှာအသက်တစ်နှစ်ကြီးတော့မှာဖြစ်ပြီး သူမရဲ့မွေးနေ့အကြိုလေးအတွက် လူပေါင်းအများကြီးကို စတုဒီသာကျွေးမွေးခဲ့တာဖြစ်ပါတယ်။ပိုးကြာဖြူခင်ရဲ့မွေးနေ့အကြိုလေးကတော့ လူတွေစည်စည်ကားကားနဲ့ အရမ်းပျော်စရာကောင်းခဲ့ပြီး အယုတ်အလတ်အမြတ်မရွေးကျွေးမွေးတာကြောင့် ကုသိုလ်အများကြီးရပါတယ်နော်။

Photo Credit:Poe Kyar Phyu Khin's Facebook
Photo Credit:Poe Kyar Phyu Khin's Facebook
Photo Credit:Poe Kyar Phyu Khin's Facebook

သူမရဲ့မွေးနေ့လေးအတွက် စိန်လင်းကမွေးနေ့လက်ဆောင်လေးတွေပေးခဲ့တာကြောင့် ပိုးကြာဖြူခင်ကတော့"ဒီနှစ်မွေးနေ့လေးမှာ စိန်လက်စွပ်ကြီးနဲ့ အတူ အရမ်းလှတဲ့ ပွဲတက်ဝတ်စုံလေးတွေပါ မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ Aroma မှ အဆိုတော် ကိုစိန်လင်းကို ကျေးဇူးအများကြီးတင်ပါတယ် အကို့အနုပညာလမ်းကျောင်းမှာ ဒီထပ်မက ပိုပိုအောင်မြင်ပါစေ"ဆိုပြီး ပုံလေးတွေနဲ့မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Poe Kyar Phyu Khin's Facebook
Photo Credit:Poe Kyar Phyu Khin's Facebook
Photo Credit:Poe Kyar Phyu Khin's Facebook

Photo Credit:Poe Kyar Phyu Khin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။