အကြိမ် (၃၀)မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး အုပ်စု(က)နောက်ဆုံး ပွဲစဉ်အဖြစ် မနေ့ညကတော့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် မလေးရှားလက်ရွေးစင် အမျိုးသမီး တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက (၅-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်သို့ အုပ်စု ပထမနေရာမှ တက်ရောက်နိင်ခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ဦးဝင်းသူမိုးက "အုပ်စုပထမနေရာကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့လို့ ကျေနပ်ပါတယ်။ ဒီနေ့ အဆုံးသတ်ပိုင်းမှာ အနည်းငယ်အားနည်းချက်ရှိပြီး ဆီမီးဖိုင်နယ်မှာအကောင်းဆုံးပြင်ဆင်သွားမှာပါ။ ကစားသမားတွေ ၅ရက်အနားရတာကြောင့် အနည်းငယ်လေးလံနေပါတယ်။ ‌ ကျွန်တော်တို့အနေနဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ချင်လို့ ပွဲကို ချိန်ပြီးကစားနေခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

" နောက်ဆုံးအချိန်မှာ သတ်မှတ်တဲ့ဂိုးရအောင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ကြိုးစားပေးတဲ့ ကစားသမားအားလုံးကို ချီးကျူးပါတယ်" ဟု ပြောကြားထားခဲ့ပါတယ်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး အုပ်စု(ခ) ဒုတိယနေရာမှ ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် တွေ့ဆုံမည်ဖြစ်ပါတယ်။

source: MFF's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။