ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ အဆိပ်ကျွန်းမှ ယုန်များနေထိုင်ရာဒေသဖြစ်သွားတဲ့ ဂျပန်နိုင်ငံရှိ အိုကူနိုရှီးမားကျွန်း အကြောင်းကို စိတ်ဝင်စားဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့ တပြေးညီဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload pageကို အမြဲ update ဖြစ်အောင် like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

တစ်ချိန်က အဆိပ်ဓာတ်ငွေ့စက်ရုံများ တည်ရှိခဲ့သော ကျွန်းသည် ယခုအခါတွင် ယုန်များ ရာပေါင်းများစွာတို့ မှီခိုနေထိုင် ရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံတွင် ဓာတုလက်နက်များ ထုတ်လုပ်ခဲ့သည့် အိုကူနိုရှီးမား ဟူသော ကျွန်း တစ်ကျွန်းရှိ ခဲ့ပါတယ်။ ထိုကျွန်းပေါ်တွင် ဂျပန် စစ်တပ်က ၁၉၂၉ ခုနှစ် ၁၉၄၅ ခုနှစ်အတွင်း အဆိပ်ဓာတ်ငွေ့ တန်ချိန် ၆၀၀၀ ကျော်ကို လျှို့ဝှက်စွာ ထုတ် လုပ်ခဲ့တာဖြစ်ပါတယ်။ ထိုကာလများအတွင်း အဆိပ်ဓာတ်ငွေ့ စမ်းသပ်ရန် ယုန်ပေါင်းများစွာကို ထိုကျွန်းသို့ ယူဆောင်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိ ကျွန်းပေါ်တွင်ရှိနေသာ ယုန်များသည် ထိုစဉ်က အဆိပ်ငွေ့ စမ်းသပ်ရန် ယူဆောင်လာသော ယုန်များမှ ပေါက်ဖွားလာကြသည် ဟု ယူဆ သူများရှိသကဲ့သို့ အချို့ကလည်း ၁၉၇၀ နှစ်များအတွင်းက ထိုကျွန်းသို့ လာရောက်လည်ပတ်ခဲ့ကြသော ကျောင်းသားလေးများက ယူဆောင်လာသည့် ယုန်များ၏ မျိုးဆက်များဖြစ်သည်ဟုလည်း ယူဆချက်အမျိုးမျိုး ထွက်ပေါ်ခဲ့ကြပါတယ်။ ယခုအချိန်တွင် အိုကူနိုရှီးမားကျွန်းသည် ခရီးသွား အပမ်းဖြေ စခန်းတစ်ခု အဖြစ်ထင်ရှားနေပြီဖြစ်ပါတယ်။ ကျွန်းပေါ်တွင် ဂေါက်ကွင်း တစ်ကွင်း၊ စခန်းချကွင်းပြင် တို့က လှပသော ပင်လယ်ကမ်းခြေနှင့် အတူတင့်တယ်စွာတည်ရှိနေပါတယ်။ စွန့်ပစ်ထားသော အဆိပ် ဓာတ်ငွေ့ စက်ရုံဟောင်းသို့ သွားရောက်ကြည့်ရှုနိုင်ကြသကဲ့သို့ ယုန်ချစ်သူများလည်း ယုန်များကို လာရောက်ကြည့်ရှု နိုင်ကြသဖြင့် ခရီးသွားများ အမြဲလာရောက်လည်ပတ်လျက်ရှိတာဖြစ်ပါတယ်။
Source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။