ဖြူဖြူထွေးကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာရရှိလာပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အောင်မြင်လာတဲ့သူတစ်ဦးဖြစ်ပါတယ်နော်။ဖြူဖြူထွေးက ရိုးသားကြိုးစားပြီး စိတ်ထားလေးဖြူစင်တာကြောင့် လူချစ်လူခင်ကလည်းပေါများကာ ပရိသတ်တွေကလည်း သူမရဲ့စိတ်ထားလေးကိုလေးစားပြီး ကိုယ့်အားကိုယ်ကိုးတဲ့မိန်းကလေးဖြစ်လို့ ချီးကျူးကြပါတယ်။

Photo Credit:Phyu Phyu Htwe's Page
Photo Credit:Phyu Phyu Htwe's Page

ဖြူဖြူထွေးရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ ခြေလှမ်းတွေအရမ်းစိပ်နေပြီး အကယ်ဒမီဖွေးဖွေးနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးအတူတူတွဲရိုက်မှာဖြစ်တဲ့အပြင် ကြော်ငြာတွေလည်းအများအပြားရိုက်ကူးနေတာကိုတွေ့ရပါတယ်။ဖြူဖြူထွေးရဲ့အနုပညာကိုလည်း ပရိသတ်တွေကအားပေးကြပြီး မိဘကိုလုပ်ကျွေးပြုစုနေတဲ့သမီးလိမ္မာလေးဖြစ်လို့ ပိုပြီးချစ်ခင်အားပေးကြပါတယ်။

Photo Credit:Phyu Phyu Htwe's Page
Photo Credit:Phyu Phyu Htwe's Page

ဖြူဖြူထွေးက အောင်မြင်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း သူမရဲ့မွေးရပ်ဇာတိမြေကိုမစွန့်ခွာဘဲ ရွာကလူတွေအတွက်လည်း ကူညီနိုင်သလောက်ကိုကူညီပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖြူဖြူထွေးက ရွာကလူကြီးတွေကို မုန့်လေးတွေနဲ့လိုက်ကန့်တော့ပြီး ကုသိုလ်ယူနေတဲ့အပြင် ရွာကဦးလေးတွေကိုလည်း ကစားနည်းလေးတွေကစားခိုင်းပြီးဆုတော်ငွေချီးမြှင့်နေတဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe's Page
Photo Credit:Phyu Phyu Htwe's Page

Photo Credit:Phyu Phyu Htwe's Page

Video Credit:Phyu Phyu Htwe's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။