ပရိသတ်ကြီးရေ မင်းသမီးချောလေး အကယ်ဒမီမယ်လိုဒီကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပေမယ့် ချစ်ရတဲ့မိသားစုကိုလည်း လစ်ဟင်းမှုမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတဲ့အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။မယ်လိုဒီကတော့ သားချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး သေချာပြုစုပျိုးထောင်ပေးနေတာကြောင့် သားလေးကလည်း ထူးချွန်ထက်မြက်စွာနဲ့ကြီးပြင်းလာပါတယ်။အခုဆိုရင်တော့ မယ်လိုဒီက ခရီးသွားလို့သားလေးနဲ့ခဏခွဲခဲ့ရတဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်။

Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook

"မနေ့ကခရီးကပြန်လာတာ သားကအနားမကပ် အတူမအိပ်တော့ ဒီအမေဝမ်းနည်းပြီးတစ်ညလုံးရင်ဘတ်တွေအောင့်ငိုလိုက်ရတာ သားလေးသာမချစ်တော့ရင်ဆိုပြီး ခံစားရတာသေတော့မယ် ဒီမနက်တော့ မနက်စာ ကိုယ်တိုင်ကျွေး ရေချိုးပေး နေ့လည်အတူအိပ်ပေး ပြန်ဖားနေရတယ် အမလေး ဘဝကိုက တဖက်သတ်အချစ်ကြီးပါလားနော် သားလေးရေကျန်တာတွေခံစားရတာ မေမေအတွက် မထူးဆန်းတော့ပေမယ့်"

Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook

"သားလေးမချစ်ရင်တော့ မေမေရင်ကွဲရပါလိမ့်မယ် သားလေးအချစ်ကိုမှီခိုအားယူရင် မေမေလဲမကျအောင်အားတင်းထားတာပါ သားလေးသာမချစ်တော့ရင် ကျန်တာတွေ ပစ်ချလိုက်ဖို့ မေမေဝန်လေးနေမှာမဟုတ်ပါဘူး မေမေ့ကိုအမြဲချစ်ပါ မေမေအားငယ်တတ်တယ်သားလေးကိုလည်းမေမေအမြဲချစ်နေမှာပါ"ဆိုပြီး မိခင်တစ်ယောက်ရဲ့ရင်တွင်းခံစားချက်တွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Melody Myo's Facebook
Photo Credit:Melody Myo's Facebook

Photo Credit:Melody Myo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။