ပြေတီဦး သည် ယနေ့ခေတ် အောင်မြင်သော မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ပြေတီဦးကို ၁၉၇၈ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် အဖ ဦးတင်မောင်ဦးနှင့် အမိ ဒေါ်တီတီတို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည့်အပြင် အနုပညာပျိုးခင်း၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ပြေတီဦးသည် ရန်ကုန် ဇာတိဖြစ်သည်။ မြန်မာစာ မြန်မာစကား အစီအစဉ်မှ မွေးထုတ်ပေးလိုက်သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ပြေတီဦးသည် ၂၀၀၉ ခုနှစ်တွင် ရိုက်ကူးသော ကျွန်တော်နှင့် နတ်သမီးများ ရုပ်ရှင်ဇာတ်ကားဖြင့် အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်သည်။ 

မွေးချင်း သုံးယောက်အနက် အလတ်ဖြစ်သည်။ ကျန်နှစ်ယောက်မှာ မိန်းကလေးများဖြစ်သည်။ အစ်မ နာမည်မှာ ဆွေတီဦး၊ ညီမငယ် နာမည်မှာ ငွေတီဦးဖြစ်သည်။ အစ်မဆွေတီဦးမှာ အင်ဂျင်နီယာဘွဲ့ရဖြစ်ပြီး၊ ညီမမှာ ဆရာဝန်ဖြစ်သည်။ ရန်ကုန်နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာ ဘွဲ့ရခဲ့သည်။သူ၏ ပထမဆုံးဇာတ်ကားမှာ ဇာတ်ပို့ အဖြစ်သာ သရုပ်ဆောင်ခဲ့ရတဲ့ ဒါရိုက်တာမောင်ပြည့်ဝ ရိုက်ကူးသည့်‘ရင်ရိပ်စွန့် လိပ်ပြာ’ ဖြစ်သည်။ နေပြည်တော်မြို့၌ ကျင်းပသော ၂၀၁ဝပြည့်နှစ် အတွက် အကယ်ဒမီပေးပွဲတွင် ပြေတီဦးသည် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရခဲ့သည်။ ပြေတီဦးသည် သူ၏ ပထမဆုံးသော ထိုအကယ်ဒမီဆုကို အာဒမ်ရယ် ဧဝရယ် ဒသရယ် ဇာတ်ကားမှ ဒသ ဇာတ်ကောင် ဖြင့် ရရှိခဲ့ချင်းဖြစ်သည်။  

ပြေတီဦးသည် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည်။ ပြေတီဦးသည် အရပ် ၅ပေ ၉လက်မ (၁.၇၅မီတာ) ရှိပြီး အလေးချိန် ၁၄၆ပေါင် (၆၆ကီလို) ရှိသည်။ ပြေတီဦးသည် ငယ်စဉ်ကထဲက ဝါသနာပါခဲ့သော တင်းနစ်ကစားခြင်းကို အားလပ်ချိန်တွင် ကစားလေ့ရှိသည်။ ပြေတီဦးသည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင် မြန်မာ ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင် နှင့် လက်ထပ်ခဲ့သည်။

Source: ပြေတီဦးအကြောင်း စွယ်စုံကျမ်း(ထိုခေတ်မှတ်တမ်းများအထိသာ)

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။