အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံက ကျင်းပပြုလုပ်တဲ့အကြိမ် (၃၀)မြောက် ၂၀၁၉ ခုနစ်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမြန်မာအမျိုးသမီးလက်ရွှေစင်အသင်းကတော့ နောက်ဆုံပွဲစဉ် ဖြစ်တဲ့မလေးရှားအသင်းကို ( ၅ - ၀ )နဲ့အနိုင်ရယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ မြန်မာလက်ရွှေစင်အမျိုးသမီး အသင်း နဲ့ ထိုင်းလက်ရွှေစင်အမျိုးသမီးအသင်း တို့ယဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကတော့ ထိုင်းအသင်းနှင့်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေးအစီအစဉ်များအဖြစ် မနေ့ကညနေပိုင်းတွင် PFF Artifical Stadium တွင် လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဖြတ်သန်းလျက်ရှိသည့် မုန်တိုင်း Typoon KAMURI ဒေသအခေါ်အဝေါ် Typoon TISOY ကြောင့် အဆိုပါ PFF မြက်ခင်းတုကွင်းသို့ သွားရောက်နိုင်ခြင်းမရှိဘဲ အသင်းတည်းခိုရာ White Woods ဟော်တယ်တွင်သာ လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

မြန်မာလက်ရွှေစင်အမျိုးသမီးအသင်းအနေနဲ့ ထိုင်းလက်ရွှေစင်အမျိုးသမီးအသင်းကိုရလဒ်ကောင်းတွေရရှိစေဖို့ အတွက်အကောင်းဆုံးကစားရမှာလည်းဖြစ်ပါတယ်။မြန်မာဘောလုံးချစ်ပရိသတ်တွေကလည်း အထူးစိတ်ဝင်စားမဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။ကဲ့ ပရိသတ်ကြီးရေ ထိုင်းလက်ရွှေစင်အမျိုးသမီးအသင်းနဲ့ကစားရမဲ့ပွဲစဉ်ကိုစောင့်မျှော်ရင် မြန်မာလက်ရွှေစင်အမျိုးသမီးအသင်း ရဲ့လေ့ကျင့်ရေးအစီစဉ် လေးကိုပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Source - MFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။