နန်းမြတ်ဖြိုးသင်းဟာ သားလေးမွေးဖွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုအရင်ကလောက် မလုပ်တော့ပဲ သားလေးကိုသာ သူမရဲ့ အချိန်တွေ ပေးနေတာပါ။ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့သော်လည်း ပွဲအခမ်းအနားများနဲ့ ကြော်ငြာလေးတွေတော့ ရိုက်ကူးဖြစ်နေတာပါ။ ဒါ့အပြင် ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပါ။

Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook

သူမရဲ့ သားလေး Jack Jack လေးဟာလည်း နှစ်ဖက်အဖိုး၊အဖွားတွေရဲ့ အသည်းကျော်လေးဖြစ်နေရုံသာမကပဲ ပရိသတ်တွေကပါ ချစ်မဝဖြစ်နေရတာပါ။ နန်းမြတ်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေအတွက် သားလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေကို အမြဲဝေမျှပေးနေတာပါ။ အခုတစ်ခါမှာလည်း သားလေးရဲ့ ဗီဒီယိုလေးကို တင်ပေးလိုက်ပြန်ပါပြီ။  

Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook
Photo Credit - Nann Myat Phyo Thinn's Facebook Myday

ဒါကတော့ မေမေနန်းမြတ်ဖြိုးသင်းနဲ့အတူ ကင်မရာကိုမျက်လုံးပြူးပြူးလေးနဲ့ စိုက်ကြည့်နေတဲ့ Jack Jack လေးရဲ့ Video လေးပါ။ ဒီဗီဒီယိုလေးကိုတော့ နန်းမြတ်ရဲ့ Facebook Myday လေးမှာ တင်ထားတာပါ။ မျက်လုံးပြူးပြူးလေးနဲ့ အသည်းယားစရာကောင်းလွန်းနေတဲ့ Jack Jack လေးရဲ့ Video လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Nann Myat Phyo Thinn's Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။