မအေးသောင်းကတော့ ဆယ်စုနှစ်လောက်က အနုပညာလောကထဲမှာ အခိုင်အမာရပ်တည်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာလောကမှာထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့အချစ်ကိုယူထားကာ အားပေးမှုကိုအပြည့်ရရှိထား တာပဲဖြစ်ပါတယ်။အပျိုကြီးမမအေးသောင်းက အနုပညာအလုပ်တွေမှာဆိုရင်အရင်ကထက် လုပ်ကိုင်လာတာဖြစ်ပြီး ပွဲတွေကိုလည်းတက်ရောက်နေသူပဲဖြစ်ပါတယ်။

Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook

အခုမှာလည်း မန္တလေးမြို့မှာကျင်းပပြုလုပ်တဲ့ Revicon ရဲ့ ၄၂ ကြိမ်မြောက်လူထုစက်ဘီးစီးပွဲမှာ စက်ဘီးသမား ထောင်ကျော်လာစီးကြသူတွေနဲ့အတူ မမအေးသောင်းကဆိုရင်သွားရောက်ပြီးစက်ဘီးစီးခဲပါသေးတယ်။ Revicon ရဲ့ပျော်စရာ အတွေ့အကြုံလေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားတာကတော့ "Revicon ရဲ့ ၄၂ ကြိမ်မြောက်မန္တလေးမြို့လူထုစက်ဘီးစီးပွဲစက်ဘီးသမားတွေ ထောင်ကျော်လာစီးကြတဲ့Revicon ရဲ့ပျော်စရာ အတွေ့အကြုံလေးကိုမျှဝေလိုက်ပါတယ်ရှင့်။ မနက်စောစော ကျုံးဘေးမှာစက်ဘီးစီးတဲ့အရသာကလေ ဘာနဲ့မှမတူဘူးရယ်။တွဲရိုက်ထားတဲ့ ပုံလေးတွေရှိရင်လည်း ရှဲပေးကြပါနော်။ဖိတ်ခေါ်ပေးတဲ့ Revicon အားဖြည့်ဆေးကိုလည်းအထူးကျေးဇူးတင်ပါတယ်" လို့လည်းဖော်ပြပေးထားပါသေးတယ်။

Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook
Source & Photo Credit - Aye Thaung facebook

သူမရဲ့ ချစ်စရာအပြုံးလေးတွေနဲ့ စက်ဘီးစီးနေတာကလည်း မြင်သူတကာကို အေးချမ်းမှုတွေကူးစက်စေခဲ့ပါတယ်။ဒါအပြင် စက်ဘီးစီးလာကျသူတွေကိုလည်း မမအေးသောင်းက ကံစမ်းမဲတွေကိုလည်း တူဖောက်ပေးခဲ့ပါသေးတယ်။မအေးသောင်းရဲ့ ချစ်စရာအမှုအရာလေးတွေနဲ့ စက်ဘီးစီးနေနဲ့ သူမရဲ့ အလန်းစားပုံလေးတွေကိုပရိသတ်တွေအတွက်ပြန်လည်ကြည့်ရှုခံစားစေဖို့မျှဝေပေးလိုက်ပါတယ်။ 

Source - Aye Thaung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။