ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီစိုးမြတ်သူဇာကတော့ အနုပညာနယ်ပယ်ထဲမှာ တစ်ခေတ်တစ်ခါကတည်းကအောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။မကြီးစိုးလို့ အများကချစ်စနိုးနဲ့ခေါ်ဝေါ်ကြပြီး စိတ်ကောင်းစေတနာရှိတဲ့ စိုးမြတ်သူဇာက ရိုးရိုးရှင်းရှင်းနဲ့ အေးဆေးစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:SOEMYAT THUZAR's Page
Photo Credit:SOEMYAT THUZAR's Page/Amazing Grace

မကြီးစိုးက ယနေ့အချိန်ထိလည်းအနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကိုပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နော်။စိုးမြတ်သူဇာရဲ့အလှအပတွေကလည်း ဟိုးအရင်တုန်းကလိုပဲမပြောင်းလဲသွားတဲ့အလှအပတွေကို ပိုင်ဆိုင်ထားပြီး ရင့်ကျက်တည်ငြိမ်ပြီးကျက်သရေရှိစွာလှပနေတာကြောင့် ပရိသတ်တွေကချီးကျူးနေရတာဖြစ်ပါတယ်။

Photo Credit:SOEMYAT THUZAR's Page
Photo Credit:SOEMYAT THUZAR's Page
Photo Credit:SOEMYAT THUZAR's Page

အနုပညာအလုပ်တွေကိုလည်းကြိုးစားလုပ်ဆောင်ပြီး မိသားစုအပေါ်ကိုလည်းဂရုစိုက်စောင့်ရှောက်ပေးသလို အားတဲ့အချိန်မှာဆိုရင်လည်း Mobile Legends Game ကိုအပန်းဖြေတဲ့အနေနဲ့ဆော့ကစားတာဖြစ်ပါတယ်။အခုဆိုရင်လည်း မကြီးစိုးက "သိဘူး အသက်ကြီးမှ ကလေးတွေနဲ့ အော်ဟစ်ရန်တွေဖြစ် စိတ်တွေကောက်နဲ့ မကြီးအတွက်တော့ game ကစားရတာ တော်တော်သာယာတယ်"ဆိုပြီးစိတ်ဝင်တစားဂိမ်းဆော့နေတဲ့ပုံရိပ်လေးတွေကိုမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:SOEMYAT THUZAR's Page
Photo Credit:SOEMYAT THUZAR's Page
Photo Credit:SOEMYAT THUZAR's Page

Photo Credit:SOEMYAT THUZAR's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။