ရန်ကုန်ယူနိုက်တတ်အသင်းဟာ ပြီးခဲ့တဲ့ အမှတ်ပေးရာသီမှာ ရှမ်းယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ အောက်အဆင့်၃မှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တတ်အသင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားမှာ အမှတ်ပေးချန်ပီယံဖြစ်တဲ့ ရှုမ်းယူနိုက်တတ်အသင်းကို အနိုင်ယူကာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားကို ရရှိခဲ့တဲ့ အသင်းဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ရန်ကုန်ယူနိုက်တတ်အသင်းကတော့ သူတို့ရဲ့ နောက်တန်းကစားသမားဖြစ်တဲ့ နောက်ခံလူ နန်းဝေမင်းကို အသင်းမှ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တတ်အသင်းကတော့ နန်းဝေမင်းကို အသင်းနဲ့ လက်တွဲစဉ်တလျှောက် စွမ်းဆောင်ပေးခဲ့မှုအတွက် ကျေးဇူးတင်ကြောင်းနဲ့ အနာဂတ်မှာ အောင်မြင်မှုရပါစေကြောင်း ဆုတောင်းပေးထားပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ရန်ကုန်ယူနိုက်တတ်အသင်းကတော့ " ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမား နန်းဝေမင်း ကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလမှစတင်ပြီး အသင်းမှထွက်ခွာခွင့်ပြုလိုက်ပြီ ဖြစ်သည်။ရန်ကုန်ယူနိုက်တက်အသင်းနှင့် လက်တွဲစဉ်တစ်လျှောက်တွင် ကြိုးစားစွမ်းဆောင်ပေးခဲ့မှုများကို အသိအမှတ်ပြုပါကြောင်းနှင့် ရှေ့ဆက်မည့်အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

source: Yangon United Football Club 's facebook  

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။