ဇာတ်ကောင်စရိုက်မျိုးစုံရိုက်ကူးနေပေမယ့် သရဲကားဇာတ်ကောင်ကိုတော့ မရိုက်ခြင်းရတဲ့အကြောင်းနေတိုးက အခုလိုရှင်းပြလိုက်ပါတယ်။

" သရဲကားဖြစ်ရင်ပြီးရော ဆိုပြီး ကျွန်တော်မရိုက်ချင်ဘူး

သရဲကားက ကျွန်တော်တို့လုပ်နေကျ အက်ရှင်တွေ ဒရာမာတွေနဲ့

မတူတဲ့အချက်တွေ အများကြီးရှိတယ်...

သရဲကားရိုက်ဖို့အတွက် မိတ်ကပ်အထူးပြုလုပ်ချက်အနေနဲ့

ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်လိုတယ်

သရုပ်ဆောင်တစ်ယောက်ကို ရုပ်ချတာ ဒဏ်ရာရတာလောက်

လုပ်ပေးနိုင်တဲ့ မိတ်ကပ်ပညာနဲ့ သရဲကားမိတ်ကပ်နဲ့ မတူဘူး...

နိုင်ငံခြားကားတွေမှာ သရဲကားထဲကမိတ်ကပ် အထူးပြုလုပ်ချက်တွေ

အရမ်းကောင်းတယ်...

မင်းသမီးတွေမှာဆိုရင် သူ့မိတ်ကပ်ဆရာနဲ့သူလာတာ

မင်းသားတွေအတွက်တော့ သိပ်အဆင်မပြေဘူး...

ကျွန်တော်အတွက် မိတ်ကပ်ကို ကျွန်တော်ကိုယ်တိုင်လုပ်တာများတယ်...

သူများတွေကိုလည်း လိုအပ်ရင်လိမ်းပေးတယ်...

ကျွန်တော်နိုင်ငံခြားကားတွေ ကြည့်ရင်တောင်

သရဲကားတွေပိုကြည့်ဖြစ်တယ်...

သူတို့ရဲ့မိတ်ကပ်ပညာကိုစိတ်ဝင်စားတယ်...

သူတို့ဘယ်လိုဖန်တီးတယ်... ဘယ်လိုရိုက်တယ်ဆိုတာကို

သိနိုင်ပေမယ့် လိုက်မလုပ်နိုင်ဘူး...

ဒါကြောင့်သရဲကားတွေဆိုသိပ်မရိုက်ချင်ဘူး " လို့နေတိုးက ပြောကြားခဲ့တာပါ။

ကဲပရိသတ်ကြီးရေ..နေတိုးတစ်ယောက်ကတော့ အခုလောလောဆယ်မှာ သရဲကားမရိုက်နိုင်သေးတဲ့အခက်အခဲကို ရှင်းပြထားလိုက်ပါတယ်။နေတိုးရှင်းပြတာကိုတော့ Admin တော့ ကြိုက်တယ်လေ…ပရိသတ်ကြီးရော..နှစ်သက်ရဲ့လား…

Source: မဟာမီဒီယာ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။