ပရိသတ်တွေချစ်ခင်အားပေးမှုကိုရရှိထားတဲ့ဇနီးမောင်နှံအတွဲလေးကတော့ ရွှေထူးတို့ဇနီးမောင်နှံလေးပါ။ သူတို့နှစ်ယောက်ဟာ ဝါသနာပါရာအနုပညာလမ်းကြောင်းကို အောင်အောင်မြင်မြင်နဲ့လျှောက်လှမ်းနေကြတဲ့သူတွေပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း ဖေးဖေးမမနဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်နေကြတာပါ။

Photo Credit- Htoo Khant’s Facebook
Photo Credit- Htoo Khant’s Facebook
Photo Credit- Htoo Khant’s Facebook

သူတို့နှစ်ယောက်ကိုတော့ ပရိသတ်တွေက ရွှေနှစ်ရွှေစုံတွဲလေးဆိုပြီး ချစ်စနိုးနဲ့ ခေါ်ကြတာပါ။ သူတို့နှစ်ယောက်ဟာ မကြာခဏဆိုသလို ခရီးတွေထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးထံ အမြဲဝေမျှလေ့ရှိတာပါ။ အခုမှာလည်း ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံရိပ်လေးတွေတင်ထားတာပါ။

Photo Credit- Htoo Khant’s Facebook
Photo Credit- Htoo Khant’s Facebook
Photo Credit- Htoo Khant’s Facebook

ဒါကတော့ သာယာလှတဲ့ညနေခင်းလေးမှာ နှစ်ယောက်အတူ လမ်းလျှောက်ထွက်နေကြတာပါ။ ရွှေထူးကတော့ " မိန်းကလေးဆိုတာ ...

ပုံအောက်ကစာလေးတွေဖတ်ပေး " ဆိုပြီး ပုံလေးတွေ တင်ထားတာပါ။ ဒါကတော့ စိတ်ကောက်နေတဲ့ ချစ်ဇနီးလေးကို ပွေ့ချီကာချော့လိုက်တာပဲဖြစ်ပြီး ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit- Htoo Khant’s and Shwe Hmone Yati’s Facebook 

Photo Credit- Htoo Khant’s Facebook
Photo Credit- Htoo Khant’s Facebook
Photo Credit- Htoo Khant’s Facebook
Photo Credit- Htoo Khant’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။