ပရိသတ်ကြီးရေ တေးသံရှင်တွေဖြစ်ကြတဲ့ ဝိုင်းစုခိုင်သိန်းနဲ့အောင်လတို့ချစ်သူနှစ်ယောက်ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိနေတဲ့သူတွေဖြစ်ပါတယ်။ဝိုင်းစုက ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ပြီး ကြော်ငြာတွေလည်းရိုက်ကူးတာကြောင့် အနုပညာနဲ့ပက်သက်ရင်နယ်ပယ်စုံပါတယ်နော်။

Photo Credit:Wine Su's Facebook
Photo Credit:Wine Su's Facebook

အရုပ်မလေးလိုချစ်ဖို့ကောင်းတဲ့ဝိုင်းစုကို ပရိသတ်တွေကလည်း အရမ်းချစ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုအားပေးကြပါတယ်။အောင်လနဲ့ဝိုင်းစုတို့ချစ်သူနှစ်ယောက်က အေးအတူပူအမျှနဲ့ချစ်ခင်ကြလို့ ကြည်နူးစရာစုံတွဲလေးပါနော်။ချစ်သူနှစ်ယောက်က သီချင်းတွေလည်းအတူတူတွဲလုပ်ကြပြီး ပရိသတ်တွေအတွက်သီချင်းအသစ်လေးတွေကို ကြိုးစားပြင်ဆင်ကြနေတာပါ။

Photo Credit:Wine Su's Facebook
Photo Credit:Wine Su's Facebook

ဝိုင်းစုကမကြာသေးခင်ကမှ"နွားကျောင်းသူ"ဆိုတဲ့ သီချင်းခွေအသစ်ထွက်ရှိထားပြီး ပရိသတ်တွေကလည်း အရမ်းအားပေးကြပါတယ်။ပါရမီဖြည့်ဖက်ဖြစ်တဲ့အောင်လကလည်း အစစအရာရာကူညီပေးပါတယ်နော်။အခုဆိုရင်တော့ ဝိုင်းစုတို့ချစ်သူနှစ်ယောက်က တစ်ယောက်တစ်လှည့်ကျောပိုးပြီး ကိုရီးယားတွေလိုရိုဆန်နေတဲ့ပုံရိပ်လေးကိုမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Wine Su's Facebook
Photo Credit:Wine Su's Facebook

Photo Credit:Wine Su's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။