အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်းအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကတော့ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ Binan မြို့ရှိ PFF မြက်ခင်းတုကွင်းတွင် လေ့ကျင့်မှုများပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းကတော့အုပ်စု (က)တွင် မြန်မာ၊ ဖိလစ်ပိုင်အသင်းတို့သည် ၁ပွဲနိုင်၊ ၁ပွဲ သရေ၊ ရဂိုး (၅)ဂိုး တူညီခဲ့သောကြောင့် FairPlay စည်းမျဉ်းအရ မြန်မာအသင်းက အသာရကာ အုပ်စုပထမနေရာမှ တက်ရောက်နိုင်ခဲ့ပြီး အုပ်စု(ခ) ဒုတိယနေရာမှ ထိုင်းအသင်းနှင့် ဆီမီးဖိုင်နယ်အဆင့်တွင် တွေ့ဆုံခဲ့ပါတယ်။ 

Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF

မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ပွဲစဉ်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial Stadiumတွင် ဒီဇင်ဘာ (၅)ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အဖြူရောင်ဂျာစီကို ဝတ်ဆင်မည်ဖြစ်ပြီး ထိုင်းအမျိုးသမီးအသင်းသည် အဝါရောင်ဂျာစီကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

Source & Photo Credit - MFF
Source & Photo Credit - MFF
Source & Photo Credit - MFF

ယနေ့ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင်ကစားမဲ့ မြန်မာလက်ရွေးအမျိုးသမီးအသင်း နှင့် ထိုင်းလက်ရွေးစင်အမျိုးသမီး အသင်းတို့တွေကတော့မြန်မာပရိသတ်တွေအတွက် အထူးစိတ်ဝင်စားဖွယ် ပွဲစဉ်ပဲဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီး အသင်းကတော့ ထိုင်းအသင်းကိုအကောင်းဆုံးခြေစွမ်းတွေပြသနိုင်အောင် လေ့ကျင်ံမှုတွေကိုလည်းပြုလုပ်နေတာပါ။ပရိသတ်ကြီးရေ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါအုန်းနော်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။