မန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ သက်ထားသူဇာကတော့ ယနေ့ မှာ အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲSEA GAMES ပြိုင်ပွဲအတွက် ပထမဆုံးပွဲကို Malaysia နိုင်ငံမှ ကစားသမား Soniia CHEAH နဲ့ ကစားခဲ့ပြီး အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : THET HTAR Thuzar 's facebook
photo credit : THET HTAR Thuzar 's facebook

အဆိုပါနိုင်ပွဲကြောင့်သက်ထားသူဇာဟာ ကွာတားဖိုင်နယ်အဆင့်ကို တတ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ(၇)ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ မြန်မာဂုဏ်ဆောင် သက်ထားသူဇာကတော့ အကောင်းဆုံးဆက်လက် ကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဆက်လက်အားပေးဖို့ တောင်းဆိုထားပါတယ်။

photo credit : THET HTAR Thuzar 's facebook
photo credit : THET HTAR Thuzar 's facebook

သက်ထားသူဇာကတော့ " မလေးရှားကစားသမား Soniia CHEAH ကို2-1 နဲ့ အနိုင်ရပြီး SEA GAMES Badminton Individual Event(Women) ကွာတားဖိုင်နယ် ကို တက်သွားပါပြီ။အကောင်းဆုံးဆက်လက် ကြိုးစားယှဉ်ပြိုင်သွားမှာမို့ စောင့်ကြည့်အားပေးပါဦး " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

source: THET HTAR Thuzar 's facebook

photo credit : THET HTAR Thuzar 's facebook
photo credit : THET HTAR Thuzar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။