အကယ်ဒမီရွှေစင်ရုပ်တုပိုင်ရှင်တစ်ဦးဖြစ်တဲ့ ချောရတနာကတော့ အနုပညာလောကမှာ နှစ်အတော်ကြာအောင် အောင်မြင်မှုသရဖူဆောင်းခဲ့သူ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ထွန်းကားခဲ့တဲ့ ချောရတနာက သားနဲ့သမီးကိုပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အခုချိန်အထိ မင်းသမီးချောရတနာကိုချစ်ခင်အားပေးနေကြတာပါပဲနော်။

Photo Credit-Chaw Yadanar's FB
Photo Credit-Chaw Yadanar's FB
Photo Credit-Chaw Yadanar's FB

ချောရတနာက သားတစ်ယောက်၊သမီးတစ်ယောက်နဲ့ အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ ချောရတနာရဲ့သားနဲ့သမီးနှစ်ယောက်လုံးကတော့ အမေတူအချောလေးတွေပဲ ဖြစ်ကြပါတယ်။ အငယ်ဆုံးသမီးလေးဖြစ်တဲ့ ကိုကိုးလေးကလည်း တစ်နေ့တစ်ခြားပိုပိုပြီး ချစ်စရာကောင်းလာလို့ ပရိသတ်တွေကအချစ်တွေတိုးနေရပြန်ပါတယ်။

Photo Credit-Chaw Yadanar's FB
Photo Credit-Chaw Yadanar's FB
Photo Credit-Chaw Yadanar's FB

အခုလည်း ချောရတနာက သနပ်ခါးအဖွေးသားနဲ့ဖြူဖွေးပြီး ချစ်စရာကောင်းနေတဲ့သမီးချောလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတာပဲဖြစ်ပါတယ်။ မေမေချောရတနာက " ချစ်လိုက်တာ ဒါလေးတွေနဲ့ပဲ ကြည်နူး " ဆိုပြီး ချစ်သမီးလေးနဲ့ပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ပရိသတ်ကြီးအတွက် ကြည်နူးစရာကောင်းတဲ့ ချောရတနာတို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Chaw Yadanar's FB
Photo Credit-Chaw Yadanar's FB
Photo Credit-Chaw Yadanar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။