ပရိသတ်ကြီးရေ အကယ်ဒမီလူမင်းကတော့ အနုပညာအလုပ်တွေကိုယနေ့အချိန်ထိတိုင်ကြိုးစားပမ်းစားလုပ်ဆောင်နေပြီး ပရိသတ်တွေအတွက်အသစ်အသစ်တွေကိုဖန်တီးနေတာကြောင့် လက်တလောမှာဆိုရင်လည်း "အောင်ဆန်းရုပ်ရှင်"ကို စနစ်တကျရိုက်ကူးနေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ လူမင်းကို တစ်ခေတ်တစ်ခါကတည်းကအားပေးချစ်ခင်လာကြပြီး ယနေ့အချိန်ထိတိုင်တစ်ခဲနက်ဝန်းရံနေကြဆဲပဲဖြစ်ပါတယ်နော်။

Photo Credit:Ayarwady Ly Min's Facebook
Photo Credit:Ayarwady Ly Min's Facebook
Photo Credit:Ayarwady Ly Min's Facebook

လူမင်းက ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး ချစ်ဇနီးချောလေးခင်စံပယ်ဦးကလည်းဇနီးကောင်းတစ်ယောက်ပီသသလို သားနဲ့သမီးကလည်းထူးချွန်ထက်မြက်ကြလို့ မိဘတွေအတွက်မျက်နှာပန်းပွင့်စေမယ့်သားသမီးရတနာလေးတွေဖြစ်ကြပါတယ်။ဧရာဝတီလူမင်းနဲ့ဧဝရက်လူမင်းတို့မောင်နှမနှစ်ယောက်က အေးအေးဆေးဆေးနေတတ်ကြပြီး ချစ်မွှေးပါတာကြောင့် ပရိသတ်တွေကလည်းအရမ်းချစ်ပါတယ်နော်။

Photo Credit:Ayarwady Ly Min's Facebook
Photo Credit:Ayarwady Ly Min's Facebook

အခုဆိုရင်တော့ သားငယ်လေးဧဝရက်လူမင်းက ကျောင်းမှာဘက်စုံတော်လို့ ကျောင်းအုပ်ကိုယ်တိုင်ဆုချီးမြှင့်တာကို ရရှိခဲ့တာဖြစ်ပါတယ်။ဧဝရက်လေးက စာနာရိုင်းပင်းတတ်မှု၊ဆက်ဆံပြောဆိုခြင်းကောင်းမှု၊ပူတွဲဆောင်ရွက်တတ်ခြင်း၊တီထွင်နိုင်စွမ်းရှိမှု၊သတ္တိရှိမှု၊တွေးတောစဉ်းစားတတ်မှု စတဲ့အချက်အလက်တွေကြောင့် ဖေဖေနဲ့မေမေ့ကို မျက်နှာပန်းပွင့်စေတဲ့ထူးချွန်ထက်မြက်တဲ့သားလိမ္မာလေးဖြစ်ပါတယ်နော်။

Photo Credit:Ayarwady Ly Min's Facebook
Photo Credit:Ayarwady Ly Min's Facebook
Photo Credit:Ayarwady Ly Min's Facebook

Photo Credit:Ayarwady Ly Min's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။