ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်ကိုယ်စီ အားပေးချစ်ခင်မင်မှုတွေနဲ့ အောင်မြင်နေကြတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ သရုပ်ဆောင်စည်ဖြိုးနဲ့ ခင်လွှမ်းတို့ စုံတွဲလေးကလည်း အပါအဝင်ပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည်နဲ့ ကြည်နူးစရာ အချစ်ရေးလေးကိုလည်း နှစ်ကိုယ်တူ ပိုင်ဆိုင်ဖြတ်သန်းနေတာမို့ ပရိသတ်တွေကလည်း အမြဲအားကျအချစ်ပိုနေကြတာပါနော်..။


Photo Credit - Khin Hlwan’s Facebook
Photo Credit - Si Phyo’s Facebook

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက်မြတ်နိုးချစ်ခင်မှုလေးတွေနဲ့ နားလည်မှုယူကြတဲ့ အချစ်ရေးအကြောင်းကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်..။

တစ်ယောက်နဲ့တစ်ယောက် အနုပညာအလုပ်တွေကို အကြံပေးဖြစ်သလို ဝေဖန်စရာတွေရှိရင်လည်း ချစ်သူတစ်ယောက်အနေနဲ့ မဟုတ်ပဲ ပရိသတ်တစ်ယောက်အဖြစ် ဝေဖန်ပေးတဲ့အကြောင်းလေးအပြင် နှစ်ယောက်စလုံးအေးအေးဆေးဆေးလေးနဲ့ နားလည်မှုတွေ ညှိယူကြတဲ့ အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Khin Hlwan’s Facebook
Photo Credit - Khin Hlwan’s Facebook

"မောင်နှမအချင်းချင်း ကိုယ်လက်ချောင်းတွေတောင် ညီတာမှ မဟုတ်တာမို့ ချစ်သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လေးစားနားလည်မှုလေးတွေနဲ့ သည်းခံကာ ညှိယူကြတဲ့အကြောင်းလေးကို စည်ဖြိုးက ပြောပြထားသလို “သူ(စည်ဖြိုး)လာမချော့ခင်ကတည်းက ကိုယ်က စိတ်ဆိုးပြေချင်နေတာပါ..” ဆိုပြီးတော့လည်း ခင်လွှမ်းက ပြောပြထားပါသေးတယ်..။

သူမှားရင်သူချော့ ကိုယ်မှားရင် ကိုယ်ချော့ပေါ့ဆိုပြီး အပြန်အလှန် နားလည်ချစ်ခင်ကြတဲ့ အချစ်ရေးလေးတွေအကြောင်းကို ကြည်ကြည်နူးနူးလေး ပြောပြထားတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ စုံတွဲလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khin Hlwan’s Facebook
Photo Credit - Si Phyo’s Facebook

Photo Credit - Si Phyo’s Facebook & Khin Hlwan’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။