photo credit - OG facebook page

2018 , 2019 နှစ်နှစ်ဆက်တိုက် Ti champion ဖြစ်ထားတဲ့ OG အသင်းကတော့ သူတို့ရဲ့ အသစ်ဖွဲ့စည်းခဲ့တဲ့ CS:GO team ရဲ့ lineup ကိုကြေညာခဲ့ပါတယ်။

သူတို့ကြေညာခဲ့တဲ့ lineup ကတော့

NBK

Aleksib

Valde

ISSAA

Mantuu တို့ပဲဖြစ်ပါတယ်။

OG အသင်းအနေနဲ့လည်း သူတို့ရဲ့ CS:GO lineup ကိုကြေညာခဲ့ပြီဆိုပေမယ့်လည်း အားလုံးစောင့်မျှော်နေကြတဲ့ Dota 2 lineup ကိုတော့ အခုထိကြေညာခြင်းမရှိသေးပါဘူး။

Players တွေအားလုံးကလည်း လက်ရှိအချိန်ထိ ငြိမ်နေကြသလို OG organization အနေနဲ့လည်း ဘယ်အချိန်မှ OG Dota 2 main အသင်းရဲ့ lineup ကိုကြေညာမလဲဆိုတာကတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။

source - OG CS:GO facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။