ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ မကြာသေးခင်ရက်ပိုင်းအတွင်းကမှ (၂၇)နှစ်ပြည့်သွားတာဖြစ်လို့ သူမရဲ့မွေးနေ့အကြိုလေးအတွက် လူတွေအများကြီးကို စတုဒီသာကျွေးမွေးခဲ့တာဖြစ်ပါတယ်။ပိုးကြာဖြူခင်ကတော့ သူမရဲ့မွေးနေ့လေးကို ကုသိုလ်တွေနဲ့စတင်လိုက်ပြီး လူတွေစည်စည်ကားကားနဲ့ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ခဲ့ပါတယ်နော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

ပိုးကြာဖြူခင်ကို ချစ်ခင်ကြတဲ့ မိတ်ဆွေ၊အပေါင်းအသင်းသူငယ်ချင်းနဲ့ ပရိသတ်တွေက သူမအတွက် မွေးနေ့လက်ဆောင်တွေအများကြီးပေးကြတာဖြစ်ပြီး မွေးနေ့လက်ဆောင်ထဲမှာ တန်ဖိုးများစွာတန်တဲ့ကျောက်မျက်ရတနာတွေလည်းပါဝင်ပါတယ်နော်။ပိုးကြာဖြူခင်ကတော့ အသက်တစ်နှစ်ကြီးလာပေမယ့်လည်း နုပျိုလန်းဆန်းကာ လှသွေးကြွယ်နေတုန်းပဲဖြစ်ပါတယ်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

ပိုးကြာဖြူခင်က မွေးနေ့အလှူပြီး သွားချိန်မှာတော့ မိသားစုအပြင် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ ကြီးကျယ်ခမ်းနားတဲ့မွေးနေ့ပွဲကြီးကို ကျင်းပလိုက်ပါသေးတယ်နော်။မွေးနေ့ပွဲလေးမှာ အနီရဲရဲဝတ်စုံလေးနဲ့ တောက်ပစွာလှပနေပြီး ပွဲလာသူပရိသတ်တွေကို ပျော်ရွှင်မှုတွေအများကြီးပေးပြီး အေးချမ်းတဲ့ညလေးကိုဖြတ်သန်းလိုက်တဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace
Photo Credit:Amazing Grace

Photo Credit:Amazing Grace

Source:Poe Kyar Phyu Khin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။