စန္ဒီမြင့်လွင်ကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း တဖြည်းဖြည်းအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အသံကောင်းရုံသာမက သီချင်းရေးစပ်တဲ့နေရာမှာလည်း ပရိသတ်တွေအကြိုက်တွေ့စေမယ့် သီချင်းကောင်းကောင်းလေးတွေကို ဖန်တီးနိုင်းစွမ်းရှိတာဖြစ်ပါတယ်။ လက်ရှိမှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် မွေးဖွားထားတာ ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's FB
Photo Credit-A Linn Young
Photo Credit-Sandy Myint Lwin's FB

သမီးလေးမွေးဖွားပြီးနောက်ပိုင်းမှာတော့ စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လိုလေသေးမရှိ ဂရုစိုက်တတ်တဲ့ ချစ်ခင်ပွန်းနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ရဲ့ဘဝလေးကတော့ အားကျချင်စရာကောင်းလှပါတယ်နော်။ အခုတော့ စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းနဲ့အတူ ငပလီကမ်းခြေကို သာသာယာယာခရီးထွက်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

Photo Credit-Sandy Myint Lwin's IG
Photo Credit-Thiha Lwin's IG

စန္ဒီမြင့်လွင်က သာယာလှပလွန်းတဲ့ငပလီကမ်းခြေရဲ့အလှကို ချစ်ခင်ပွန်းနဲ့အတူ ငေးမောခံစားရင်း အပြတ်အသတ် Romantic ဆန်နေတာပဲဖြစ်ပါတယ်။ တစ်ယောက်လက်ကိုတစ်ယောက်တွဲရင်း အကြည့်ချင်းဆုံနေကြတဲ့ စန္ဒီမြင့်လွင်တို့စုံတွဲလေးကတော့ ကြည်နူးစရာကောင်းလှပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် ပျော်ပျော်ရွှင်ရွှင်ခရီးထွက်နေတဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sandy Myint Lwin's FB & IG

Photo Credit-Sandy Myint Lwin's IG
Photo Credit-Sandy Myint Lwin's IG
Photo Credit-Sandy Myint Lwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။