ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာ ကြော်ငြာတွေနဲ့ သီချင်းဗီဒီယိုတွေ လက်ခံရိုက်ကူးနေရပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက နာမည်ကျော်အနုပညာရှင်တွေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ဖြူဖြူထွေးကတော့ သူမရှာဖွေထားတဲ့အနုပညာကြေးတွေနဲ့ မိဘကိုတစ်ဖက်တစ်လမ်းက လုပ်ကျွေးနေတာဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဖြူဖြူထွေးက ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးတွေနဲ့ ရိုက်ကွင်းပေါ်က အဖြစ်အပျက်ဗီဒီယိုလေးတွေကို မကြာခဏတင်ပေးလေ့ရှိတာဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက အဆိုတော်မနောနဲ့အတူ တွဲဖက်ရိုက်ကူးခဲ့တဲ့ ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုလေးကို မျှဝေပေးထားပါတယ်။ ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးကတော့ အားလုံးကို အပျော်တွေကူးစက်သွားစေလောက်အောင် ဖန်တီးပေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဖြူဖြူထွေးက " TV ကြော်ငြာ ပေါ်က ကိုကြီး မနောနဲ့ အမှတ်တရ " ဆိုပြီး ရိုက်ကွင်းဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးနဲ့ မနောတို့ကတော့ အချင်းချင်းစနောက်ရယ်မောရင်း ဟာသတွေပြောနေကြတာကလည်း တကယ့်ကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြော်ငြာရိုက်ကွင်းပေါ်က ဖြူဖြူထွေးနဲ့ မနောတို့နှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB  

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။