Mobile Legends မှာ Rank တက်ဖို့ဆိုတာ တကယ်ကိုမလွယ်ကူးပါဘူး။ Warrior ကနေ GM ထိတက်ဖို့တောင် မိန်းကလေး Player တွေအတွက်ခတ်ခဲနေပါတယ်။ နောက်ပိုင်းမှာတော့ Moontoon ကပဲ လုပ်ပေးလိုက်တာလားမသိပါဘူး.....Girl Player တွေ GM ကနေ Epic တက်လာကြတာကိုတွေ့ရှိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ GM ကနေ Epic တက်ဖို့ဆိုတာ တော်တော်လေးကို ခတ်ခဲပါတယ်။ ဆေးတွေနဲ့တွေ့နေရသလို AFK တွေနဲ့လဲ ကြုံတွေ့ရပါတယ်။  

အဲ့လိုတွေကြုံတွေနေရပေမဲ့လဲ ကိုယ့်အနေနဲ့ ဘယ်လိုမျိုး အကောင်းဆုံး ကစားပြီး Rank တက်အောင် ပြုလုပ်မလဲဆိုတာကို သေချာစဉ်းစားဆော့ရပါမယ်။ ဆော့ချင်သလို မဆော့ပဲ ကစားကွက်ကို သေသေချာချာလေးကစားမယ်ဆိုရင် Epic တက်တာမြန်ပါတယ်။ GM ရောက်ပြီဆိုတာနဲ့ Epic တက်ဖို့အတွက် သင့်အနေနဲ့ အားသန်တဲ့ Role ကိုရွှေးပြီး Role အလိုက် Hero 5 ကောင်ကိုထုတ်ပါ။ အကြံပေးချင်တာကတော့ Fighter, Tank နဲ့ Assassin Role တွေကို အဓိက ကျင့်ထားပါ။  

ဖြစ်နိုင်ရင် တစ်ယောက်ထဲ မဆော့ပဲ Party နဲ့ဆော့ပါ။ ကိုယ်ဆော့တဲ့ Party ကလဲ ကိုယ်နဲ့သိပါစေ။ Party ကစားရင် အနည်းဆုံး 3 Party ကစားပေးပါ။ နေ့ခင်း နေ့လည် မနက်ပိုင်းတွေမဆော့ပဲ ညကို ၉ နာီကနေ စဆော့ပါ။ ဖြစ်နိုင်ရင် ၁၂ကျော်မှ ကစားတာ အကောင်းဆုံးပါ။ အဲ့ချိန်မှာ ကစားရင် ဘယ်လိုဆေးနဲ့မှ မတိုးပါဘူး။ ရှုံးရင်တောင်မှ ရှုံးရတာတန်တယ်လို့တောင် ခံစားစေရပါတယ်။ တကယ်လို့အဲ့ချိန်တွေမဟုတ်ပဲ တခြားချိန်ကစားရင်လဲ ကိုယ့်ဘက်က အသင်းသားတွေ ကစားတာ မကောင်းရင် အပြစ်မတင်ပါနဲ့ မဆဲပါနဲ့။ သူတို့ကို မသေဖို့ပဲပြောပေးပါ.... အသေမခံပါနဲ့ တာဝါပဲပတ်ချိုးပါဆိုပြီး ပြောပြပါ။ ဒါကတော့ Epic ကိုတက်ဖို့အတွက် အကြံပေးချက်ပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။