သဇင်ထူးမြင့်ဟာ အနုပညာလောကကို ၂၀၁၈ ခုနှစ် အကယ်ဒမီရွှေကြိုမှတစ်ဆင့် ဝင်ရောက်လာသူဖြစ်ပြီး အချိန်တိုအတွင်းမှာ ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သူပါ။ သူမရဲ့ ဖခင်ဖြစ်သူ ဦးခင်လှိုင်ရဲ့Supporting လုပ်ပေးမှုတွေကြောင့်လည်း အနုပညာအလုပ်တွေကို အောင်မြင်အောင်ကြိုးစားလုပ်ကိုင်နေတာပါ။ သူမရဲ့ ချစ်စဖွယ်အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက မချစ်ပဲမနေနိုင်အောင်ကို ဖြစ်နေရတာပါ။ 

Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

သူမဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို နာမည်ကြီးသရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ရိုက်ကူးထားတာပါ။ သဲလေးဟာ အားလပ်ချိန်များကိုလည်း သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ဆုံးလေ့ရှိသူပါ။  

Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook
Photo Credit - Thazin Htoo Myint’s Facebook

အခုမှာလည်း အချစ်ရဆုံးသူငယ်ချင်းဖြစ်သူ ဘုန်းမင်းနေလရဲ့မွေးနေ့လေးကို အခုလိုပဲဗီဒီယိုလေးတင်ကာ ဆုတောင်းပေးထားတာပါ။ " Happy Birthday ပါ အငယ်ဆုံး အမွှေဆုံးရေ အမဆေးက သိပ်မကြမ်းဘူးနော် Peace နော် မြန်မြန်ပြန်လာပါ " ဆိုပြီး ဆုတောင်းပေးထားတာဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - Thazin Htoo Myint’s Facebook Myday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။