နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ မင်းသမီးချောလေး ရွှေကစ်ကတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တော်ပြီး ထက်မြက်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ သူမက ထိုင်း၊ကိုးရီယားနိုင်ငံတို့နဲ့တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ရွှေကစ်လေးက "လိပ်ပြာစံအိမ်" ဇာတ်ကားကြီးနဲ့ နိုင်ငံတကာဆုပေးပွဲကြီးမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
လက်ရှိမှာတော့ ရွှေကစ်လေးက စင်ကာပူနိုင်ငံကိုသွားရောက်ပြီး " Asian Academy Creative Awards " ဆုပေးပွဲကြီးကို တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲကြီးမှာ ရွှေကစ်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့နှစ်ယောက်က အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် ရွေးချယ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက ဆုပေးပွဲကြီးကိုတက်ရောက်ခဲ့တဲ့ ဗီဒီယိုလေးတွေကို တင်ပေးထားပါတယ်။
ဒီပွဲအခမ်းအနားမှာတော့ ရွှေကစ်လေးက အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောပြီး အင်တာဗျူးဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ပွဲတက်လာတဲ့ ရွှေကစ်နဲ့ သမီးလေးပြည့်ပြည့်တို့နှစ်ယောက်ကတော့ အရမ်းကိုချစ်ဖို့ကောင်းနော့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " Asian Academy Creative Awards " ဆုပေးပွဲကိုတက်ရောက်နေတဲ့ ရွှေကစ်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo & Video Credit-Wutt Hmone Shwe Yi's IG
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။