နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထူးအောင်တစ်ယောက် အမိုက်စားပုံရိပ်တွေနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားလိုက်ပြန် ပါတယ်။ အမိုက်စားဘော်ဒီနဲ့ ယောကျာ်းပီသတဲ့ ခပ်ချောချောမျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်လို့နေပါတယ်။ မော်ဒယ်တစ်ဦးအဖြစ်နဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး လက်ရှိ မှာတော့ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိနေပြီပဲဖြစ်ပါတယ်။

Photo Credit : Htoo Aung facebook

စစ်ကိုမုန်း၍ တိုက်ခဲ့သည် " ဇာတ်လမ်းမှာ တပ်ကြပ် ကျော်ဇ အဖြစ်နဲ့ပါဝင်ခဲ့ပြီး အလန်းစား သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ နောက်ထပ် ဇာတ်လမ်းတွဲတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် သရုပ်ဆောင်ထားမလည်းဆိုတာတော့ သူရဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားချင်စရာပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ထူးအောင်ကတော့ အမြဲလို ဖက်ရှင်အမိုက်စားတွေနဲ့ စမတ်ကျ ခန့်ညားနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Htoo Aung facebook
Photo Credit : Htoo Aung facebook

လတ်တလောမှာလည်း သူရဲ့ အမိုက်စားပုံရိပ်တွေကိုဖော်ပြထားကာ ကြွေချင်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေနှစ်သက်အားပေးကြမှာ အမှန်ပဲဖြစ်ပါတယ်။ လန်းလွန်းတဲ့ Six Pack ပိုင်ရှင် ထူးအောင်ရဲ့ အကြွေစင်ပုံရိပ်တွေ ကို ပရိတ်သတ်ကြီးလည်း ကြည့်ရှု့နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit : Htoo Aung facebook
Photo Credit : Htoo Aung facebook

Source:Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။