ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အမိုက်စားအသံပါဝါကောင်းကောင်း တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်တွေကတော့ သူငယ်ချင်းလေးယောက်ဖြစ်ကြတဲ့ အဆိုတော်တူးတူး၊ ချစ်ကောင်း၊ ဟေမာနေဝင်းနဲ့ ကော်နီတို့ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော် ငယ်သူငယ်ချင်းလေးယောက်ကတော့ အရင်ကတည်းက သီချင်းကောင်းလေးတွေကို အတူလက်တွဲဖန်တီးခဲ့ကြပြီး မကြာခင်မှာလည်း ဖျော်ဖြေပွဲလေး ပြုလုပ်တော့မှာ ဖြစ်ပါတယ်နော်..။


Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

သူငယ်ချင်းတွေ အတူပြန်လည်ဆုံဆည်းကြရင်း ငယ်ငယ်က အမှတ်တရလေးတွေနဲ့ ပြောင်းလာတဲ့ ချစ်သူငယ်ချင်းတွေအကြောင်းလေးကိုလည်း ကော်နီက ချစ်ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

ငယ်ငယ်စကား စကားနည်းလွန်းတဲ့ ဟေမာ၊ စကားလုံးဝမပြောတဲ့ တူးတူး၊ စကားများလွန်းတဲ့ သူမနဲ့ ဒုတိယစကားအများဆုံးဖြစ်တဲ့ ချစ်ကောင်းတို့ တစ်ချိန်က အမှတ်တရလေးတွေနဲ့ အခုအသက်တွေကြီးလာတော့ ပြောင်းလဲကာ စကားများလာတဲ့အကြောင်းလေးတွေကို ရယ်ရယ်မောမောလေး ပြောပြထားတာပါ..။


Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

သူငယ်ချင်းလေးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး လေးယောက်အတူဆုံရင်စိတ်က အမြဲငယ်ပြီး ကလေးလုပ်တတ်တဲ့ သူမအကြောင်းလေးနဲ့ ငယ်ငယ်က စကားနည်းပြီး အနေအေးပေမယ့် အခု စကားများလာတဲ့ သူငယ်ချင်းဟေမာအကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

“လေးယောက်ထဲမှာ မကော်က အငယ်ဆုံး သူတို့နဲ့တွေ့ရင် မကော်က ကလေးလုပ်တုန်း အမြဲတမ်းစိတ်ကငယ်တယ် ပရိသတ်တွေနဲ့ ပိုဆိုးတယ်.. ဟေမာက ငယ်ငယ်တကည်းက စကားအရမ်းနည်းတယ် ကိုတူးတူးဆို စကားလုံးဝမပြောဘူး စကားပြောတာငယ်ငယ်ကတည်းက မကော်ပဲ ဒုတိယလိုက်တာက ကိုချစ်ကောင်း ဟေမာကသောကြာသမီးဖြစ်ပြီးတော့ တစ်ခါမှ စကားအများကြီးမပြောဘူး.. သူ့ရဲလက်ကိုကိုက်ပြီး ချက်ကိုနှိုက်ပြီး လုံးဝစကားမပြောဘူး ရောက်တဲ့နေရာမှာ အိပ်တာ ၈နာရီ ၉နာရီဆို သူက အိပ်တာ မကော်သာမိုးလင်းမှ အိပ်တာ သူကငယ်ငယ်ကတည်းက အေးတဲ့သူ မကော်က စကားအရမ်းပြောတာ ဒါပေမယ့် အခုကျသူ စကားအရမ်းများလာတယ် သူတို့ မမီတို့က ငယ်ငယ်တုန်း ကားပေါ်မှာ ပါလာတယ်လို့တောင် မထင်ရဘူး ဒါပေမယ့် သူတို့အခု အရမ်းစကားများလာတယ် မကော်ထက် ပိုဆိုးပါတယ်လို့ ..” ဆိုပြီး ပြောထားတာမို့ ပရိသတ်တွေသဘောကျနေတဲ့ မကော်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

Photo Credit - Tun Connie’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။