ရန်ကုန်ယူနိုက်တက်အသင်းသည် နိုင်ငံတာကာ ပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် AFC Cup 2020 ပြိုင်ပွဲ၊ ခြေစစ်ပွဲစဉ်တွင် ဘရူးနိုင်းကလပ် အင်ဒရာ အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup 2020 ပြိုင်ပွဲတွင် ခြေစစ်ပွဲမှ စတင်ပြီး အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

အင်ဒရာ အသင်းသည် 2018-2019 Brunei Super League တွင် အဆင့် ၄ ရရှိထားပြီး AFC Club License ရရှိထားသည့် တစ်ခုတည်းသော အသင်းဖြစ်သည့်အတွက် AFC Cup ပြိုင်ပွဲကို ပထမဆုံးဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အဆိုပါ အင်ဒရာအသင်းနှင့် ပထမအကျော့ ပွဲစဉ်ကို ဇန်နဝါရီလ ၂၂ ရက်နေ့၊ ဘရူနိုင်းနိုင်ငံတွင် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ဒုတိယအကျော့ပွဲစဉ်ကို ဇန်နဝါရီလ ၂၉ ရက်၊ သုဝဏ္ဏကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တတ်အသင်းကတော့ ပြီးခဲ့တဲ့ MPT Myanmar National League အမှတ်ပေးရာသီက အဆင့်၃ရာသီနဲ့ ပိတ်သိမ်းနိုင်ခဲ့တာပဲ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်ဖလားကိုလဲ ရယူနိုင်ခဲ့ပါတယ်။

source: Yangon United Football Club 's facebook 

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။