ပရိသတ်ကြီးရေ မင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ ပြည်တွင်းမှာသာမကပြည်ပမှာပါ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့မင်းသမီးချောလေးပဲဖြစ်ပါတယ်။အနုပညာကိုရိုးရိုးသားသားနဲ့ကြိုးစားတာကြောင့်လည်း ပရိသတ်တွေအသိအမှတ်ပြုပြီး ယနေ့အချိန်မှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်နေနိုင်သလို နိုင်ငံတကာမှာလည်းနာမည်ကြီးနေတာဖြစ်ပါတယ်နော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

ရွှေကစ်လေးက လက်တလောမှာဆိုရင် စင်ကာပူနိုင်ငံမှာကျင်းပတဲ့ Asian Academy Creative Awardsပွဲကြီးကို တက်ရောက်နေတာဖြစ်ပါတယ်။ရွှေကစ်ပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာစံအိမ်"ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် Best Actress အဖြစ်ရွေးချယ်ခြင်းခံထားရတာပါနော်။ပရိသတ်တွေကလည်း ရွှေကစ်လေးတွေအရမ်းဂုဏ်ယူနေရပြီး ဆုရပါစေလို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

ရွှေကစ်က Asian Academy Creative Awards ပွဲကြီးကို အဖြူရောင်မြန်မာဝတ်စုံလေးကို ဆင်မြန်းပြီး ဂုဏ်ယူစွာနဲ့ပွဲတက်ခဲ့တာပါနော်။တိုင်းတစ်ပါးမှာ မြန်မာဝတ်စုံကိုတန်ဖိုးထားဝတ်ဆင်တာကြောင့် ပွဲလာသူတွေအကုန်လုံးလည်ပြန်ငေးမောရလောက်တဲ့အထိ ရွှေကစ်လေးကကျက်သရေရှိစွာလှပနေတာဖြစ်လို့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography
Photo Credit:Li John Photography

Photo Credit:Li John Photography

Source:Wutt Hmone Shwe Yi's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။