အထူးအဆန်း ဘာသာစကားတွေကို စိတ်ဝင်စားကြတဲ့ ပရိသတ်ကြီးရေ....ဒီတစ်ပါတ်မှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့အတွက် တီထွင်ဖန်တီးခဲ့ရာမှ အပြင်လက်တွေ့ဘဝမှာ သင်ယူနိုင်ပြီဖြစ်တဲ့ ဂြိုလ်သားဘာသာစကား သို့မဟုတ် နာဗီ( Na'vi) ဘာသာစကားဖြစ်ပေါ်လာပုံကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါ။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတင်းစုံလင်ကို အမြဲတင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

၂၀၀၉ ခုနှစ်တွင်ပြသခဲ့သည့် Avatar ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ ကြည့်ဖူးကြမှာပါနော်။ ထိုဇာတ်ကားထဲတွင် စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ပန်ဒိုရာ လူပုံတူ မျိုးနွယ်စုများဟာ လပေါ်တွင်နေထိုင်ကြသော နာဗီများဖြစ်ကြပါတယ်။ Avatar ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်သည် သူ၏ ရုပ်ရှင်ထဲမှာ နာဗီတို့ ပြောရမည့် ဘာသာစကားတစ်ခုကို ဖန်တီး တီထွင်ဖို့ အကြံရခဲ့ပါတယ်။ ထိုအကြံကို ပါမေက္ခ ဒေါက်တာပေါလ် ဖရွမ်မာ အား ငှာရမ်းခဲ့ပြီး အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။

photo credit pngtree

၂၀၀၉ ခုနှစ် တွင် ရုပ်ရှင်ရုံတင်ပြသသောအခါ နာဗီ ဝေါဟာရ တစ်ထောင်ဝန်းကျင် တိုးပွားလာခဲ့ပါတယ်။ သို့သော် နာဗီကျု နားလည်ရန် ဘာသာ စကား တီထွင်ထားသူ၏ သဒ္ဒါ ကန့်သတ်ချက်က ရှိနေပါတယ်။ ဒါကြောင့်မလို့ ဒေါက်တာ ဖရွမ်မာသည် နာဗီ ဝေါဟာရ နှစ်ထောင်အထိ တိုးချဲ့ခဲ့ကာ နာဗီ သဒ္ဒါ စာအုပ်ကို ရိုက်နှိပ် ထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်းတွင် အတော်အသင့်ပြည့်စုံလာပြီး သင်ယူနိုင်သော ဘာသာစကား တစ်ခုအထိဖြစ်လာခဲ့ပါတယ်။ နာဗီဘာသာစကားကို ဒေါက်တာ ဖရွမ်မာ၏ Web site တွင် တစ်ကယ်ပင် သင်ယူနိုင်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။