ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အနုပညာလောကမှာ ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးကတော့ ကလေးသရုပ်ဆောင် ပြည့်ပြည့်ပါ။ သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကိုကြည့်ပြီး ဝါရင့်အနုပညာရှင်များကတောင် ချီးကျူးရတဲ့အထိပါ။ သမီးလေးဟာ ပညာရေးတစ်ဖက်နဲ့အနုပညာအလုပ်တွေကို ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်နေတာပါ။ 

Photo Credit- Pyae Pyae’s Facebook
Photo Credit- Pyae Pyae’s Facebook
Photo Credit- Pyae Pyae’s Facebook

ပြည့်ပြည့်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ " လိပ်ပြာစံအိမ် " ဇာတ်ကားကြီးဟာလည်း ယနေ့ထက်ထိပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာပါ။ ဒီဇာတ်ကားကြီးဟာ မြန်မာနိုင်ငံတွင်သာမကပဲ ပြည်ပနိုင်ငံများကပရိသတ်များကပါ ချီးကျူးနေရတာပါ။ 

Photo Credit- Pyae Pyae’s Facebook
Photo Credit- Pyae Pyae’s Facebook
Photo Credit- Wutt Hmone Shwe Yi’s Instagram

အခုမှာလည်း ပြည့်ပြည့်ဟာ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ Asia Academy Creative Awards ဆုပေးပွဲကြီးတွင် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆုခူးရရှိခဲ့တာပါ။ ဒီအခမ်းအနားမှာလည်း ကျေးဇူးတင်စကားကိုအင်္ဂလိပ်ဘာသာဖြင့် ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုခဲ့တာကို ရွှေကစ်ရဲ့ Instagram Stories မှာတင်ထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source- Wutt Hmone Shwe Yi’s Instagram Stories

Photo Credit- Pyae Pyae’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။