ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင်ကစ်ကစ်က ၂၆ရက် နိုဝင်ဘာလမှာ ၉၆ပါးရောဂါဖြင့် ကွယ်လွန်သွားခဲ့လို့ ပရိသတ်တွေနဲ့ သူရဲ့မိတ်ဆွေတွေက အတိုင်းမသိဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။အနီးကပ်စောင့်ရှောက်ပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင်ခင်သဇင်ကလည်း အရမ်းဝမ်းနည်းခဲ့ရသလို ကစ်ကစ်ရဲ့နောက်ဆုံးခရီးမှာလည်း အစစအရာရာကူညီခဲ့ပါတယ်။အခုဆိုရင်လည်း ခင်သဇင်က ကစ်ကစ်အတွက်ရည်စူးပြီး အလှူဒါနတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook

"မကစ်ရဲ့ ဝိဉာဏ်ကို တွေ့မြင်ခဲ့တဲ့ ဆရာတော်ဘုရားက ယခုလို မိန့်ပါတယ် ကွယ်လွန်သူ မိခင်ကြီး အတွက် ရည်စူးပြီး သဇင် ကိုယ်တိုင် ဆောက်လုပ်လှူဒါန်းထား ခဲ့တဲ့ သံဃာ နှင့် ယောဂီ ဆွမ်းစားဆောင်လေးမှာ ကွယ်လွန်သူ မကစ်အတွက် ၁၀ ရက် တရားစခန်း ဖွင့်နေချိနိ နှစ်ရက်တိတိ အာရုံဆွမ်း နှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ် အရှင်ဘုရားက ယခုလို မိန့်တော်မူပါတယ် ပထမရက် မကစ် အတွက် ဆွမ်းကပ်ရက်မှာ အရှင်ဘုရားက အာရုံ ခံကြည့်တော့ မကစ်ကစ် က ဆွမ်းစားကျောင်းဆောင်ကို မလာနိုင် ပဲ သူ့အိမ်မှာပဲ တဝဲလည်လည်နဲ့ နေနေတယ် လို့ မိန့်ပါတယ် ဒါပေမယ့် ဒုတိယ ရက်မှာတော့ ကျောင်းဆောင်ကို အဝတ်အထည် နွမ်းစုတ်စုတ်နဲ့ ရောက်လာတယ် မိန့် ပါတယ်ဘေးနားမှာ အဖော် အမျိုးသား တစ်ယောက်လည်း ပါတယ် မိန့်ပါတယ် သဇင်ကတော့ ကွယ်လွန်သူ သူ့အမျိုးသား လို့ ထင်မိပါတယ် မကစ်ဟာ မဆုံးပါးခင်က တရားရှုမှတ်မှုတွေ လုပ်ခဲ့ပုံ ရတယ်လို့ အရှင်ဘုရားက မှတ်ချက်ချခဲ့ပါသေးတယ်"

Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook

"ခင်သဇင့် အမေကတော့ ရုတ်တရက် ဆုံးပါးသွားတာမို့ တရားအားထုတ်မှု နည်းခဲ့တဲ့ အတွက်ကြောင့် လူ့ဘဝလည်း ပြန်မ ရောက်နိုင်သေးသလို နတ်ဘုံဘဝလည်း မဟုတ်တဲ့ ဘုံဘဝ တစ်ခုခု မှာ ကောင်းကောင်းနေကောင်းကောင်းတော့ သွားနိုင်နေတယ် မိန့်ပါတယ် အမေ့အတွက် ကုသိုလ်ကောင်းမှုတွေလည်း ဆက်တိုက်လုပ်ပေးနေတာ ဆိုတော့ ဒါပေမယ့် အမေက တော့ သူဘာလိုချင်တယ် ဆိုတာကို စကားမပြောနိုင် ဖြစ်နေပါသေးတယ်တဲ့ အဲဒီအတွက် အမေ့ ကို ထပ်မံ ရည်စူးပြီး ကြေးစည် ခေါင်းလောင်း ဘုရားမှာ လှူဖို့ အရှင်ဘုရားက ထပ်မံ အကြံပေး မိန့်ခဲ့ပါတယ် မကစ်ကတော့ သူ့အတွက် အဝတ် ဖြူလေးတွေ လှူပေးဖို့ တောင်းဆိုတယ် ပြောပါတယ် မ ရေ .....မ ထာဝရ ငြိမ်းချမ်းပါစေနော် မ အပေါ် ထားမိခဲ့တဲ့ မေမေညီမလေး ခင်သဇင်ရဲ့ သံယောဇဉ်အမျှင်တွေ ကတော့ ယခုထိ တန်းနေဆဲပေါ့....."ဆိုပြီးရေးသားထားပါတယ်။

Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook
Photo Credit:Khin Thazin's Facebook

Source:Khin Thazin's Facebook

Photo Credit:Khin Thazin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။