ပရိသတ်ကြီးရေ.. အနုပညာလောကမှာ Myanmar Idol ပြိုင်ပွဲကြီးကနေ အမိုက်စား အသံကောင်းကောင်းလေးနဲ့ ပရိသတ်တွေရင်ထဲ ရောက်ရှိခဲ့တဲ့ အဆိုတော်နေလင်းကျော်ကတော့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

အမာခံပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ အားပေးဝန်းရံကြတဲ့ နေလင်းကျော်ကတော့ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သူရဲ့အချစ်ရေးလေးမှာ ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ အကြောင်းအရင်းလေးကို ပြောပြလာခဲ့ပါတယ်..။


Photo Credit – Nay Lin Kyaw’s Facebook
Photo Credit – Nay Lin Kyaw’s Facebook

နေလင်းကျော်ကတော့ ချစ်သူဇာဇာထက်နဲ့ ညှိနှိုင်းလို့ မရတဲ့ အဆင်မပြေမှုတွေနဲ့ ရှေ့ဆက်လို့ မရတော့တဲ့ အခြေအနေတွေကြောင့် လမ်းခွဲအဆုံးသတ်လိုက်ကြတာဖြစ်ပြီး လတ်တလောမှာတော့ တစ်ယောက်တည်းပါပဲဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်..။

အတွေးအခေါ်အယူအဆတွေ မတူကာ တချို့အရာလေးတွေ ညှိနှိုင်းလို့ မရတဲ့ အဆင်မပြေမှုလေးတွေကြောင့် လမ်းခွဲလိုက်တာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အရမ်းကြီး အပြစ်ပြောစရာ မရှိပါဘူးဆိုပြီးတော့လည်း နေလင်းကျော်က ပြောပြထားတာပါ..။


Photo Credit – Nay Lin Kyaw’s Facebook
Photo Credit – Nay Lin Kyaw’s Facebook

အချစ်ရေးမှာ တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးဖြစ်သွားပြီဖြစ်ပြီး လမ်းခွဲလိုက်တဲ့ အကြောင်းလေးကို ပြောပြထားသလို Myanmar Idol ပြိုင်ပွဲအကြောင်းလေးကိုလည်း နေလင်းကျော်က ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေစိတ်ဝင်တစားသိချင်းနေကြတဲ့ အချစ်ရေးအကြောင်းလေးကို ပြောပြထားတဲ့ နေလင်းကျော်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Nay Lin Kyaw’s Facebook
Photo Credit – Nay Lin Kyaw’s Facebook

Photo Credit – Nay Lin Kyaw’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။