ကလေးဘဝအရွယ်တည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်နေသူလေးကတော့ သရုပ်ဆောင်လွင်မိုးရဲ့သမီးချောလေး ယွန်းသတီလွင်မိုးပါ။ သူမဟာ အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသော်လည်း ယနေ့ထက်ထိပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားဆဲပါ။ သူမရဲ့ သားလေးဟာလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းအားလုံးကို ရရှိထားတာပါ။

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

ခေးလေးဟာ ခင်ပွန်းသည်ရဲ့ချစ်ခင်ဂရုစိုက်မှုတွေကြောင့် ပျော်ရွှင်နေရတာပါ။ သူတို့နှစ်ယောက်ဟာ တိုင်းတစ်ပါးမှာ အခက်အခဲတွေများစွာကြားထဲက တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်တွဲကာ ရင်ဆိုင်ကျော်လွှားနေကြတာပါ။ လတ်တလောမှာတော့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ခေတ္တအလည်အပတ်ရောက်ရှိနေတာပါ။

Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram
Photo Credit- Yunwaddy’s Instagram

ခေးလေးတို့ဇနီးမောင်နှံဟာ မနေ့ညကကျင်းပပြုလုပ်ခဲ့တဲ့ 808 Festival ကို ဝင်ရောက်ဆင်နွှဲခဲ့ကြတာပါ။ သူမရဲ့ Instagram တွင်လည်း မီးရောင်စုံတွေအောက်မှာ ချစ်ခင်ပွန်းကိုအနမ်းဖွဖွလေးပေးနေတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ ပရိသတ်ကြီးအတွက် ခေးလေးတို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Yunwaddy’s Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။