အကြိမ် ၃၀မြောက် အရှေ့တော်အာရှ အားကစားပြိုင်ပွဲ (အမျိုးသမီးဘောလုံး) တတိယနေရာလုပွဲအဖြစ် မနေ့က မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ် က အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် မြန်မာအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ‌ Rizal Memoria ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းက ၂-၁ ဂိုးရလဒ်ဖြင့် အနိုင်ရရှိကာ တတိယဆုကို ရရှိခဲ့ပါတယ်။အိမ်ရှင်ဖိလစ်ပိုင်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၅၇မိနစ်တွင် ကျောနံပါတ် ၁၀ မှသွင်းယူပေးခဲ့ပြီး မြန်မာအသင်းအတွက် ချေပဂိုးကို ဂျူလိုင်ကျော်က ပွဲချိန် ၇၇မိနစ်၊ အနိုင်ဂိုးကို ရီရီဦး က ၇၉မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။

Photo Credit - Myanmar Football Federation
Photo Credit - Myanmar Football Federation
Photo Credit - Myanmar Football Federation

ပွဲချန်ပြီး သတင်းစားရှင်းလင်းတွင် အသင်းနည်းပြချုပ်ဖြစ်တဲ့ဦးဝင်းသူမိုးက"ဒီနေ့ ပွဲမှာ အနိုင်ရခဲ့ပေမယ့် ခက်ခက်ခဲခဲယှဉ်ပြိုင်ခဲ့ရပါတယ်။ ဖိလစ်ပိုင်အသင်းက ဒီပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေလည်းအများကြီးလုပ်ထားတဲ့အသင်းဖြစ်သလို တကယ်ကို တိုးတက်ကောင်းမွန်လာတဲ့အသင်းပါ။ ကစားသမားတွေအားလုံး အစွမ်းကုန်ကြိုးစားခဲ့လို အခုလို တတိယဆုကိုရရှိခဲ့တာပါ။ အကောင်းဆုံးကြိုးစားခဲ့ကြတဲ့ အသင်းသားတွေကို ကျေးဇူးတင်ပါတယ်။ ဒီတတိယဆုရရှိအောင် နောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့တဲ့ ဘယ်သူ့ကိုမဆို ကျေးဇူးတင်ပါတယ်" ဟု ပြောကြားခဲ့ပါသေးတယ်။

Photo Credit - Myanmar Football Federation
Photo Credit - Myanmar Football Federation
Photo Credit - Myanmar Football Federation

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကတော့ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ဗိုလ်လုပွဲကစားပြီး ပွဲစဉ်အပြီးတွင်ဆုပေးပွဲအခမ်းအနားကိုတက်ရောက်ပြီး တတိယဆုကိုရယူကာဒီဇင်ဘာ ၉ရက်နေ့ ယနေ့နံနက်ပိုင်းတွင် မနီလာမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပါတယ်။ 

Source - Myanmar Football Federation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။