စိုင်းစိုင်းကတော့ မကြာခင်ရုံတင်တော့မယ့် ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကားမှာ တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ ငယ်သူငယ်ချင်းနဲ့ ချစ်သူကြားက သံယောဇဉ်နဲ့ အချစ်လွန်ဆွဲပွဲမှာ အချစ်ကိုရွေးချယ်ခဲ့တဲ့ နာမည်ကြီးအဆိုတော်ကောင်လေးနေရာက သရုပ်ဆောင်ထားပါတယ် ။ ထုတ်လုပ်သူတစ်ယောက်အဖြစ်ရော သရုပ်ဆောင်တစ်ယောက်အဖြစ်ပါပါဝင်ခဲ့တဲ့ ဒီဇာတ်ကားကြီးအတွက် ပရိတ်သတ်အကဲဖြတ်ပေးမယ့် အောင်စာရင်းကို ရင်ခုန်နေပါတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်က အားနည်းချက်တွေရှိပေမယ့် အားပေးနေကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောသွားပါတယ် ။

သရုပ်ဆောင်၊ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က သူရဲ့သရုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ဝေဖန်မှု အားလုံးကို

ခွန်အား အဖြစ်ပြောင်းလဲယူပစ်တတ်သလို လက်ရှိ အချစ်ရေးမှာလည်း ဘယ်အချစ်ဟောင်းနဲ့မှ ပြန်လည်လက်တွဲခြင်းမရှိဘူး လို့ ပြောပါတယ်။

Source : 5 plus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။