ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)၊ အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ-၂၂ အသင်းနှင့် အင်ဒိုနီးရှားယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အတွင်း နှစ်ဂိုးစီသရေကျခဲ့ပြီး အချိန်ပိုတွင် အင်ဒိုနီးရှားအသင်းက ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာအသင်းကတော့ အဆိုပါရူံးပွဲကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပြီး တတိယနေရာလုပွဲ အဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ ကမ္ဘောဒီးယားအသင်းကတော့ ဗီယက်နမ်အသင်းကို ဆီးမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်သွားခဲ့တာပဲ ဖြစ်ပြီး ဗီယက်နမ်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ကတော့ ဗိုလ်လုပွဲကို တတ်ရောက်သွားတာဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာလက်ရွေးစင်ယူ၂၂အသင်းနဲ့ ကမ္ဘောဒီးယားလက်ရွးစင်ယူ၂၂အသင်းတို့ရဲ့ တတိယနေရာလုပွဲစဉ်ကိုတော့ ယနေ့နေ့လည်၂နာရီ၃၀မှာ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာပရိသတ်တွေအတွက် နှစ်သိမ့်ဆုအဖြစ် တတိယနေရာကို အရယူဖို့ မြန်မာအသင်းအနေနဲ့ အစွမ်းကုန်ကြိုးစားသွားဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

source: MFF 's facebook 

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။