ပိုပိုပြောတဲ့ သူမအကြောင်း

သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုပြီး အောင်မြင်မုှရလာသူကတော့ အဆိုတော်ပိုပိုပဲဖြစ်ပါတယ်။ အသံအားကောင်းတဲ့ ပိုပိုရဲ ့သီချင်းလေးတွေဟာ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားပါတယ်။ ပိုပိုဟာ တက်တူးထိုးရတာကို နှစ်သက်တဲ့အတွက် သူမအတွက် အမှတ်တရဖြစ်စေတဲ့ ဘဝမှတ်တိုင် အကြောင်းအရာလေးတွေကို တက်တူးထိုးထားပါတယ်။ ဒီလိုမျိုးတက်တူးထိုးထားပေမယ့် သူမဟာ ဆရာမကြီးမဟုတ်ဘဲ ရိုးအပါကြောင်းကိုတော့ ပိုပိုက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“သူများတွေက ပိုပို ကိုလူလည်လို့ ထင်နေကြလားမသိ ပြောရင်လဲ ယုံမှာ လဲ မဟုတ်ဘူး .. Maldives ကို လာတာ ချစ်သူနဲ့လားတဲ့ မေးတဲ့ သူတွေများတော့ ပတ်ဝန်းကျင်ကို စူးစမ်းတော့ အတွဲတွေ လာတာ များတယ်ဆိုတာ သိလိုက်တယ် မိသားစု အသက်ကြီးတဲ့သူတွေ သူငယ်ချင်း တွေစုပြီး လာတာ တော်တော်နည်းတာပဲ ..နောက်မှ သိလိုက်ရတာက ငါတော်တော်တုံးတာပဲလို့..နောက်တခု က ပိုကဝိုင်တောင် မသောက်တတ်တဲ့သူ အရင်က ရည်းစားဟောင်း တောင် ဘီယာသောက်မယ်ဆို ခွင့်ပြုချက်တောင်းရတယ် ပြီးတော့ ၃ခွက် ပဲ သောက်ရမယ် တစ်ပတ်် ကိုတစ်ခါပဲ သောက်ရမယ် ဆေးလိပ်လဲ ရှေ့မှာ မသောက်ရဘူး အနံ့မခံနိုင်လို့ နည်းနည်းပဲသောက်ရမယ် သူငယ်ချင်းတွေလဲ မသောက်ခိုင်းဘူး မွေးနေ့မှာလဲ လူကြီးတွေအတွက် အရက်တစ်ပုလင်းကို ကိုယ့်ဘာသာ ဝယ်သောက်လို့ ပြောလိုက်တာ အရက်ဘီယာ မလှူဘူးဆိုပြီး hehe ၂၆ နှစ်ပြည့်ကတော့ သူငယ်ချင်းတွေစိတ်ချမ်းသာအောင် Bar မှာ လုပ်ပြီးကတည်းက အဲ့အကျင့်ပျောက်သွားတာ ဒီလိ ရှေးရိုးဆန်တဲ့ အဖွားကြီးကျမ ကို အန်တီ ပေါက်ကို ဂျက်ဆန်က အကျႌ လှလှလေး ဝတ်ဖို့ ကူညီပေးလို့ ဝိုင်လက်ဆောင် ပေးခိုင်းရော .ဝိုင်ဆိုတာ ဘယ်မှာ ဝယ်ရမှန်း လုံးဝ မသိတဲ့ ကျမ မပေးဖြစ်ခဲ့ပါဘူး လိုက်စုံစမ်းသေးတယ် နောက်ကျမှ အင်းယားလမ်း အန်တီပေါက်ဆိုင်ဘေးမှာ မိတ်ကပ် နူတ်ခမ်းနီ ဝယ်ရင်း ဝိုင် ရောင်းမှန်း သိတာ . အန်တီပေါက်ဆိုင်ဘေးမှာပဲ နောက်တခုက ကိုစိုင်းက အကောင့်အပ်ဖို့ပြောတော့ မရဘူး friends request တွေကို ရှာတော့ မတွေ့ဘူး ထင်တာက Followers များတော့ အပ်လို့မရဘူးထင်နေတာ နဲ့ မအပ်ဖြစ်လိုက်ဘူး FB versions တွေပြောင်းတော့ တိုင်ပတ်သွားတာ နောက်မှ Fri Request တွေ ရှာတွေ့တော့တယ် ဒီလိုနဲ့ ကိုစိုင်းနဲ့လဲ fri မဖြစ်တာ အခုထိ ထက်ထက်နဲ့လဲ အဲလိုပဲ နောက်မှ fri ဖြစ်သွားတာ အရင်ကဆို H&M Zara Gucci LV channel Parada Versace (ရေမွေးကလွဲလို့သိပ်မသိဘူး) ဘာမှ သိပ်မသိဘူး Europe သွားမှ နန်းမြတ်တို့ ထက်ထက်တို့ ပြောမှ အင်း ငါလဲ Brand နာမည်တွေ ကျက်ထားဦးမှပဲ ဆိုပြီးတော့ လေ့လာဖြစ်တာ မကြာသေးဘူး ပန်ဒိုရာ လက်ကောက်လေးတွေဆို ထက်ထက် ပြောမှသိတယ် တစ်ချိူ့ အကြောင်းတွေဆို MeMes က သူငယ်ချင်းတွေ ပြောမှသိတာ လူတွေထင်ထားတာက တက်တူးတွေနဲ့ ဆရာမကြီးပေါ့ ဒါပေမဲ့ တုံး အပြီး ကလေးဆန်တဲ့ အကျင့်ကြောင့် အလိမ်ခံရတာလဲ ခဏခဏ .သူများ ကိုယ့်အပေါ် မကောင်းတာလုပ်တာတောင် အားနာပြန်ရော.ဒေါ်ပို လောကကြီးကို လေ့လာရဦးမယ်. တကယ်တော့ ဒေါ်ပို က ငတုံး ငအ .ထို့ကြောင့် အလင်းရောင်ပေးမဲ့ သူတော်ကောင်းများနဲ့တွေ့ပါရစေ ...” လို ့ပိုပိုက ပြောပြသွားတာပါ။ ပိုပို ့ပရိသတ်တွေကတော့ ဘယ်လိုပဲဖြစ်ဖြစ်ချစ်မှာပါပဲတဲ့နော်။

Source: Po Po fb  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။