ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာတစ်ဝှမ်းရှိ ပြိုင်ဘက်ကင်း တံတားများဖြစ်ကြတဲ့ "Gateshead Millennium Bridge"၊ "Undulating Bridge"၊ "Helix Bridge"၊ "Falkirk Wheel"အစရှိတာတွေကို ဗဟုသုဖြစ်ဖွယ် စိတ်ဝင်စားမှုရှိစေရန် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ဗဟုသုတသတင်းစုံလင်ကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload pageကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။
ပထမဦးဆုံးအနေနဲ့ "Gateshead Millennium Bridge" တံတားကြီးကတော့ "Newcastle" နယူးကာစတယ်မှာ တည်ရှိပြီး ကြိုးများနှင့်ဆိုင်းထားကာ ကမ္ဘာ့ပထမဆုံး ဘေးတိုက်ထောင်နိုင်တားတာမလို့ နာမည်ကြီး ကျော်ကြားပါတယ်။ "Undulating Bridge" တံတားကြီးကိုတော့ တရုတ်နိုင်ငံရှိ အင်ဂျင်နီယာတွေရဲ့ လက်ရာနဲ့အတူ အံ့သြဖွယ် တွေ့မြင်ရမှာပါ။ Dragon King မြစ်ပေါ်မှာ နဂါးပုံသဏ္ဍာန် တည်ဆောက်ထားတာဖြစ်ပြီး အရှည်ကတော့ "span 490 feet" ရှိပါတယ်။
စင်ကာပူမှာရှိတဲ့ "Helix Bridge" ကတော့ "Benjamin Sheares" တံတားဘေးမှာ ရှိပြီး Bay Front တံတားလို့ လူသိများကြပါတယ်။ UK, စကော့တလန်မှာ ရှိတဲ့ "Falkirk Wheel" တံတားဟာ ကားလမ်းပေါ်က စက်လှေ နဲ့ ရေထဲက စက်တွေကို အတင်အချ ပြုလုပ်ပေးတာဖြစ်ပါတယ်။ ထူဆန်းတာတစ်ခုက တံတားကို စက်ဝိုင်းပုံ လှည့်ပတ်ပြီး ဝန်ဆောင်မှုပေးတာပါ။ အနည်းဆုံး စက်လှေနှစ်စီးကို တစ်ပြိုက်နက် အတင် အချပြုလုပ်ပေးနိုင်ပါတယ်။
source Once A Glance Page
Photo credit Once A Glance Page
သတင်း ယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။