ပရိသတ်ကြီးရေ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်ဂျီဖတ်ကတော့ တေးသီချင်းတွေကိုကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုကာ အနုပညာလမ်းကြောင်းပေါ်ခြေချခဲ့တာပဲဖြစ်ပါတယ်။ဂျီဖတ်ရဲ့ သီချင်းစာသားတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူညီကာ ရင်ထဲရောက်စေတဲ့ သီချင်းကောင်းလေးတွေပဲဖြစ်လို့ ဂျီဖတ်ကိုပရိသတ်တွေကလက်ခံအားပေးလာကြတာပါနော်။

Photo Credit:G Fatt's Facebook
Photo Credit:G Fatt's Facebook

ဂျီဖတ်ကတော့ မိန်းကလေးပရိသတ်တွေလည်းအများအပြားရှိသလို အရမ်းတော်ကီကြွယ်တဲ့သူတစ်ယောက်ဖြစ်လို့ သီချင်းစာသားလေးတွေကလည်း အနုအရွလေးတွေနဲ့ ကြည်နူးဖို့ကောင်းပါတယ်နော်။ဂျီဖတ်ကတော့ အခုချိန်မှာဆိုရင် အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီနော်။

Photo Credit:G Fatt's Facebook
Photo Credit:G Fatt's Facebook

လက်တလောမှာဆိုရင်တော့ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး သူငယ်ချင်းတွေနဲ့အတူတူ ခရီးတွေသွားနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဂျီဖတ်က အရမ်းရိုတတ်တဲ့သူငယ်ချင်းစုံတွဲတွေကြားမှာ တစ်ယောက်တည်းဖြစ်နေပေမယ့်လည်း ပျော်စရာပါဆိုပြီး ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်မျှဝေပေးလာပါတယ်နော်။

Photo Credit:G Fatt's Facebook
Photo Credit:G Fatt's Facebook

Photo Credit:G Fatt's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။