photo credit - JerAx Twitter

OG အသင်းရဲ့ sup player JerAx ရဲ့နာမည်အရင်းကတော့ Jesse Vainikka ဖြစ်ပြီး သူဟာ Finland နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1992 ခုနှစ် 5 လပိုင်း 7 ရက်နေ့ဖြစ်တာကြောင့် JerAx ဟာ အခုဆိုရင် အသက် 27 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

JerAx Dota pro scene ပေါ်ကို စတင်ဝင်ရောက်လာခဲ့တာကတော့ 2013 ခုနှစ် အစပိုင်းလောက်ကဖြစ်ပြီး Rat in the dark အသင်းမှာစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2013 ခုနှစ် 3 လပိုင်း မှာတော့ JerAx ဟာ QPAD Red Pandas အသင်းကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2013 ခုနှစ် 12 လပိုင်း 4 ရက်နေ့ထိကစားခဲ့ပြီးနောက် ထွက်ခွာခဲ့ပါတယ်။

2014 ခုနှစ် 9 လပိုင်းမှာတော့ JerAx ဟာ 4Anchors အသင်းကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2015 ခုနှစ် 1 လပိုင်းအထိကစားခဲ့ပါတယ်။

4Anchors အသင်းကထွက်ထွက်ပြီးချင်းမှာတင်ပဲ JerAx ဟာ Team Tinker အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ၎င်းအသင်းမှာ 2 လကျော်ကျော်လောက် ကစားပြီးနောက် MVP HOT6ix အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်းအသင်းမှာတော့ JerAx ဟာ 2015 ခုနှစ် 8 လပိုင်းအထိသာကစားခဲ့ပြီး 5jungz အသင်းကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

5jungz အသင်းမှာလည်း JerAx ဟာ နှစ်လဝန်းကျင်သာကစားခဲ့ပြီးနောက် 2015 ခုနစ် 10 လပိုင်း 9 ရက်နေ့မှာ Team Liquid ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Team Liquid မှာ 2016 ခုနှစ် 8 လပိုင်း 31 ရက်နေ့အထိကစားပြီးနောက်မှာတော့ OG အသင်းကိုပြောင်းရွှေ့ခဲ့ပြီး ယနေ့ထက်ထိ OG အသင်းမှာကစားနေဆဲပဲဖြစ်ပါတယ်။

OG အသင်းနဲ့အတူတော့ JerAx ဟာ 2 နှစ်ဆက်တိုက် Ti Champion ဆုကြီးကို ရယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

သို့ပေမယ့် Ti9 ပြီးထဲက ပြောက်ဆုံးနေတဲ့ JerAx ဟာ Dota 2 pro scene ပေါ်ကို ဘယ်လိုပြန်ရောက်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာတစ်ခုပါပဲ။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။