ချစ်စရာကောင်းတဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်တွေချစ်နေရသူကတော့ သရုပ်ဆောင် စမိုင်းလ်ပါ။ သူမဟာ ယနေ့ထိတိုင်အောင် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေဆုခူးရရှိထားသူတစ်ယောက်ပါ။ ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ တည်ဆောက်ထားနိုင်သူပါ။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

သူမဟာ လတ်တလောမှာတော့ နယ်သာလန်နိုင်ငံကို ရောက်ရှိနေတာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပက်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး( ICJ)မှာ တရားစွဲထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သဂိဂ်မြိ့မှာ စတင်ကြားနာမှာ ဖြစ်တဲ့အတွက် ဒီပြသနာတွေကို ရင်ဆိုင်ဖြေရှင်းမယ့် အမေဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံရန်အတွက် ရောက်ရှိနေတာပါ။

Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page
Photo Credit- Smile’s Facebook Page

လွန်ခဲ့တဲ့ မိနစ်ပိုင်းကလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် Live လေးလွှင့်ထားတာပါ။ ဒါကတော့ အမေလာတဲ့လမ်းကြောင်းလေးမှာ အမေ့ကိုပန်းစည်းလေးကိုင်ကာထောက်ခံနေတဲ့လူတွေရှိနေကြောင်းပြသနေတဲ့ ဗီဒီယိုလေးပါ။ သူမရဲ့မျက်နှာမှာလည်း ဝမ်းနည်းမှုတွေဖြစ်ပေါ်နေတယ်ဆိုတာအထင်းသားမြင်နေရတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Smile’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။