ပရိသတ်ချစ်ခင်အားပေးမှု အပြည့်အ၀ ရရှိထားသည့် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် နေမျိုးအောင်ကို အမြန်လမ်းရဲတပ်ဖွဲ့မှ ၂၀၁၇ခုနှစ်မေ ၁၅ရက်နေ့က ဖမ်းဆီးကာအရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ယခုလ ၁၅ရက်နေ့က ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင်နေမျိုးအောင် မောင်းနှင်လာသည့် လင်ခရူဇာကားသည် သတ်မှတ်ထားသည့် ကီလို၁၀၀ထက်ကျော် လွန်ကာကီလို၁၃၆အထိ မောင်းနှင်လာသည့်အတွကအမြန်လမ်းရဲတပ်ဖွဲ့မှ ဖမ်းဆီးကာဒဏ်ငွေရိုက်ခဲ့ခြင်းဖြစ်သည်။

"နေပြည်အ၀င်ဂိတ်မှာဖမ်းစီးရမိတာပါ။သတ်မှတ်ကီလိုထက်ပိုမောင်းလို့ဖမ်းပြီးချလံဖြတ်ပေးလိုက်ပါ တယ်။နေပြည်တော်ဇဗ္ဗူသီရိတရားရုံးမှာဘဲသွားဆောင်လို့ရတယ်လို့ပြောလိုက်တော့အဲဒီမှာဘဲဆောင်သွားတယ်လို့သိရပါတယ်"ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

"သတ်မှတ်မိုင်းနှုန်းထက်ပိုမောင်းတဲ့ဘယ်ကားမဆိုဖမ်းပါတယ်။ဖမ်းတဲ့ရဲအရာရှိတွေကလည်းသတ် မှတ်မိုင်နှုန်းထက်ပိုတဲ့ကားတွေကိုဖမ်းတာပါ။နေမျိုးအောင်ကလည်းရှမ်းပြည်ဘက်မှာရုပ်ရှင်ရိုက်ကူး ရေးရှိလို့အမြန်လမ်းကသွားတာလို့သိရပါတယ်"ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးစိုးမြင့်ဦးကပြော သည်။ 

အမြန်လမ်းမပေါ်တွင် သတ် မှတ်မိုင်နှုန်း တစ်နာရီ မိုင် ၆၀ (ကီလို ၁၀၀) အထက် ပိုမိုမောင်းနှင် သည့် ယာဉ်များကို ဖမ်းဆီးစစ် ဆေး၍ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ယာဉ်စည်းကမ်းထိန်း သိမ်းရေးတရားရုံး၌ ယာဉ်တစ်စီးလျှင် ဒဏ်ငွေကျပ် ၅၀,၀၀၀ ဖြင့် ဒဏ်တပ်အရေးယူဆောင် ရွက်နေသည်။

Source: သမဂ္ဂ စာမျက်နှာ

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။