အသံပါဝါကောင်းကောင်း တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ အဆိုတော် ကော်နီကတော့ ဆယ်စုနှစ်တွေကတည်းက ယနေ့အချိန်ထိ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

အမိုက်စားသီချင်းကောင်းလေးတွေကို ပရိသတ်ဆီအမြဲပို့ပေးတတ်တဲ့ ကော်နီကတော့ မကြာခင်မှာ ကျရောက်တော့မယ့် သူမရဲ့မွေးနေ့လေးအတွက် သီချင်းကောင်းလေးတစ်ပုဒ် ပရိသတ်တွေကို လက်ဆောင်ပေးဦးမှာပါတဲ့နော်..။


Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

လာမယ့် ဒီဇင်ဘာ(၂၁)ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့လေးအတွက် ဒီဇင်ဘာ(၂၀)ရက်နေ့မှာ တင်ပေးသွားမှာဖြစ်ပြီး သူမရဲ့ မွေးနေ့အလှူလေးအကြောင်းကိုလည်း ပြောပြထားပါတယ်နော်..။

ပြီးခဲ့တဲ့နှစ်က ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ “ဆေး” သီချင်းလေးလို ပရိသတ်တွေရင်ထဲရောက်စေမယ့် အမိုက်စား သီချင်းကောင်းလေးတစ်ပုဒ်ကို သူမရဲ့ မွေးနေ့အထိမ်းအမှတ်လေးအဖြစ် ပရိသတ်တွေကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်နော်..။


Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

မွေးနေ့မှာ သီချင်းလက်ဆောင်လေး ပေးမယ့်အပြင် တကယ်လိုအပ်နေတဲ့ ဘုန်းကြီးကျောင်းတွေမှာ လှူသွားဖို့ ရှိပြီး အမြဲတမ်းဘုန်းကြီးကျောင်း မိဘမဲ့ကျောင်းတွေနဲ့ လမ်းဘေးခွေးဂေဟာလေးတွေမှာလည်း လှူဖြစ်သလို အခြားပရဟိတလုပ်ငန်းတွေမှာလည်း လှူဖြစ်တဲ့အကြောင်းလေးကို ပြောပြထားပါသေးတယ်..။

(၂၀၂၀)ခုနှစ်မှာလည်း သီချင်းခွေ အသစ်လေး ထွက်ရှိမှာဖြစ်ပြီး အနုပညာလှုပ်ရှားမှုအကြောင်းလေးတွေ ပြောပြထားတဲ့ မကော်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

Photo Credit - Tun Connie’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။