မင်းသားချောလေး မြင့်မြတ်ကတော့ ပရိသတ်တွေကို မတူညီတဲ့ဇာတ်ရုပ်တွေနဲ့ ရသမျိုးစုံပေးစွမ်းနိုင်လောက်အောင် သရုပ်ဆောင်တော်သူလေး ဖြစ်ပါတယ်။ အနု၊အကြမ်း၊ဟာသစတဲ့ဇာတ်ကောင်စရိုက်တွေကို မြင့်မြတ်က ပီပြင်အောင်ဖန်တီးပြနိုင်စွမ်းရှိတာလည်း ဖြစ်ပါတယ်။ ဒါကြောင့််လည်း ပရိသတ်တွေက မြင့်မြတ်ကို ယနေ့ချိန်အထိ အမာခံအားပေးဝန်းရံနေကြတာ ဖြစ်ပါတယ်။

Photo Credit - Myat Wai Tun's FB
Photo Credit - Myat Wai Tun's FB
Photo Credit - Myat Wai Tun's FB

မြင့်မြတ်က နာမည်ကြီးမင်းသားတစ်ဦးဖြစ်ပေမယ့် စိတ်သဘောထားကောင်းပြီး ဖော်ရွေလွန်းတာ ဖြစ်ပါတယ်။ ချစ်ရတဲ့ဇနီးချောလေးနဲ့အတူ သားလေးတစ်ယောက်ပါ ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်က မိသားစုနဲ့အေးချမ်းစွာနေထိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း မြင့်မြတ်တို့မိသားစုလေးက လူစုံတက်စုံနဲ့ ဘုရားသွားဖူးခဲ့ကြပါတယ်။

Photo Credit - Myat Wai Tun's FB
Photo Credit - Myat Wai Tun's FB
Photo Credit - Myat Wai Tun's FB

မြင့်မြတ်တို့ဇနီးမောင်နှံက သားလေးကိုခေါ်ပြီး ရွှေတိဂုံစေတီတော်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြတာ ဖြစ်ပါတယ်။ အေးအေးချမ်းချမ်းနဲ့ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတဲ့ မြင့်မြတ်တို့မိသားစုလေးကတော့ တကယ်ပဲကြည်နူးစရာကောင်းလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော မြင့်မြတ်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Myat Wai Tun's FB 

Photo Credit - Myat Wai Tun's FB
Photo Credit - Myat Wai Tun's FB
Photo Credit - Myat Wai Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။