ပရိသတ်ကြီးရေ....ထူးဆန်းဖွယ် အံ့သြဖွယ်ကောင်းလွန်းသော အရိုးစုကြီးများကို တူးဖော်တွေ့ရှိခဲ့တဲ့ အဖြစ်အပျက်လေးအား ပုံရိပ်တွေနဲ့တကွ စိတ်ဝင်စားဖွယ် ဖြစ်အောင် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ထိုအရိုးစုတွေက ကြီးလွန်းတဲ့အတွက်ကြောင့် လူ့ဘီလူးတွေရဲ့ အရိုးလို့တောင် ယူဆသတ်မှတ်ခဲ့ကြပါတယ်။ သို့သော် အခုအချိန်ထိ သေချာတဲ့ အဖြေကိုတော့ မဆုံးဖြတ်နိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ရှုခံစားရတာ နှစ်သက်မယ်လို့ ယုံကြည်တာကြောင့် မျှဝေပေးလိုက်ပါတယ်။

Photo credit pngtree

အချိန်ကာလ အားဖြင့် တော်တော်လေးကြာမြင့်ခဲ့ပါပြီ။ နေရာအတည်အကျကတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံ အရှေ့တောင်ဘက်က ကန္တာရ တစ်ခုမှာလို့ သိရပါတယ်။ ဖြစ်ပုံလေးကတော့ ဒီလိုပါပရိသတ်ကြီး...။ ထိုနိုင်ငံတွေက ပူလွန်းတဲ့အတွက်ကြောင့် ဓာတ်ဆီ၊ ရေနံဆီ၊ လောင်စာဆီတွေ ထွက်ကြတာကို အားလုံးပဲသိပြီးကြမှာဖြစ်ပါတယ်။ တစ်နေ့မှာ လောင်စာဆီကိုတူးဖော်နေရင်း အမှတ်မထင်ဘဲ ထို လူ့ဘီလူးဆန်ဆန် အလွန်ကြီးမားသော အရိုးစုကြီးများကို တွေ့ရှိခဲ့တာကြောင့် ဆော်ဒီလူမျိုးတွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။

Photo credit pngtree

ထိုတူးဖော်တွေ့ရှိခဲ့တဲ့ သတင်းက ဟိုးလေးတကျော်ဖြစ်သွားပြီး သတင်းမီဒီယာတွေ၊ Website တွေမှာပါ ပျံ့နှံသွားတဲ့အထိ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် အဲ့နေရာဒေသကိုတော့ "Aramco" ဆီ ကုမ္ပဏီရဲ့ ဝန်ထမ်းလုပ်သားများနှင့် အာဏာပိုင်များကလွဲပြီး ဘယ်သူမှ ဝင်ရောက်ကြည့်ရှုခွင့်မရပါဘူး။ ပရိသတ်ကြီးအခုမြင်တွေ့ရတဲ့ ဓာတ်ပုံတွေက ရဟတ်ယာဉ်တစ်စီးပေါ်ကနေ မှတ်တမ်းတင် ရိုက်ကူးခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲ့အရိုးစုကြီးတွေကို ရှေးဆော်ဒီအာရေးဗီးယား လူမျိုးတွေက "Aad"လူမျိုးတွေလို့ ယုံကြည်ခဲ့ကြပါတယ်။ ထို"Aad" လူမျိုးတွေက စွမ်းအားအလွန်မြင့်ကြပြီး လက်ဖြင့် သစ်ပင်တစ်ပင်ကို ဆွဲနှုတ်ရင်တောင် ပြတ်တယ်ဆိုတဲ့ ဒဏ္ဍရီသဖွယ် ပုံပြင်တွေလည်း ရှိပါတယ်။ သို့သော် သိပ္ပံပညာရှင်တွေကတော့ အစမ်းသပ် မခံတဲ့ လိမ်ညာလှည့်ဖြားထားသော ပုံဖြစ်တယ်ဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေလည်းရှိခဲ့ပါတယ်။ သတင်းလေးကို ရှုမြင်ခံစားပြီးသွားရင် စာဖတ်ပရိသတ်ကြီးရဲ့ ထင်မြင်ယူဆချက်ကိုလည်း ပေးသွားလို့ရပါတယ်နော်။

Source သံ ဇဉ် မိုးဇတ်

Photo credit pngtree

Photo credit pngtree
Photo credit pngtree
Photo credit pngtree
Photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။