ပရိတ်သတ်တို့ရဲ့ အချစ်တော် Miss လေးခင်ဝင့်ဝါရဲ့ “ချို မြိန်သောလက်စားချေခြင်း” ဇာတ်ကားကြီးဟာ မကြာခင်မှာရုံတင်တော့မှာပါ ။

အဆိုပါ ဇာတ်ကားနဲ့ပါတ်သတ်ပြီး အမှတ်တရတွေလဲရှိခဲ့ပြီး စိတ်ခံစားချက်များကို People Magazine ရဲ့ အင်တာဗျူးတစ်ခုပြောပြထားပါတယ် ။

ဒီ“ချိုမြိန်သောလက်စားချေခြင်း”ကရိုက်ထားတာကြာနေပြီ ဆိုပေမဲ့ အခုရုံတင်တော့မယ်ဆို တော့စိတ်လှုပ်ရှားနေမိပါတယ်။ ဒီ ဇာတ်ကားထဲမှာကိုယ့်ရဲ့ သရုပ်ဆောင် မှုကိုအားရတယ် လို့တော့မဟုတ်ပါ ဘူး။ လိုအပ် ချက်တွေ အ များကြီးရှိပါတယ်။ အဲဒီအတွက် လည်းနောက်ထပ် အများကြီးထပ် ကြိုးစားရဦးမယ်။ ဒီဇာတ်ကား ရုံတင်ရင်အားပေး ကြပါဦး။ညီမလည်း ဦးပွား (ဒါရိုက်တာ မီးပွား)သင်တဲ့အတိုင်း အတတ်နိုင် ဆုံးကြိုးစားထား ပါတယ်။ ရိုက်ကူးနေတဲ့ အချိန်မှာလည်း အမှတ်တရတွေ အများ ကြီးရှိခဲ့ပါတယ်။ တစ်ခါမှမဆိုးဖူး တဲ့ဆံပင်ကိုအရောင်ဆိုးခဲ့ရတယ်။ အများကြီး ကြိုးစားထား တဲ့အတွက်ပရိသတ်ကြီးအနေနဲ့ ရုံ တင်ရင်အားပေးဝေဖန်ပေးပါဦး” လို့ဆိုပါတယ် ။

လူငယ်ပီပီ ကိုယ်ပိုင်ခံစားချက်တွေကို လူမှုကွန်ယက်တွေပေါ် မျှဝေဖြစ်ပေမယ့် အနုပညာရှင်ဖြစ်နေတာကြောင့် အစစအရာ ရာသတိတော့ထားရတယ် လို့လဲပြောထားပါသေးတယ် ။ 

“လူငယ်ဆိုတော့လည်း တစ်ခါတလေမှာ ဒေါသဖြစ်တာ တွေ၊ ပျော်တာတွေကိုကိုယ့်ရဲ့ Personal Account မှာတင်ဖြစ် တယ်။

ဒါပေမဲ့လူငယ်ဖြစ်နေပေမဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် အစစအရာ ရာသတိတော့ထားရတယ်။ " လို့ဆိုပါတယ် ။

ပရိတ်သတ်တွေ တော်တော်များများသိချင်နေကြတဲ့ ခင်ဝင့်ဝါရဲ့ အချစ်ရေးအကြောင်းနဲ့ပါတ်သတ်ပြီး

" အချစ် ရေးနဲ့ပတ်သက်ပြီး ၁၅၀၀ ရော ၅၂၈ ပါအေးအေးဆေး ဆေးပါပဲ။ ကိုယ့်ရဲ့ဘေးမှာရှိတဲ့သူတွေ ကကိုယ့်ကိုအစစအရာရာနား လည်သည်းခံပေးပြီး ကိုယ့်ကို ချစ်ပေး တဲ့အတွက် ကျေးဇူးအများ ကြီး တင်ပါတယ်။

ကိုယ်ဘက်ကလည်း ဆိုးတာ တွေရှိပေမဲ့ ညီမဆိုးသမျှဒဏ်ကို ခံပြီးဘေး နားမှာချစ်ပေးကြလို့ အရမ်းဝမ်း သာပါတယ်” လို့ဖွင့် ဟခဲ့ပါတယ်။

သူမရဲ့ဇာတ်ကား ရိုက်ကူးမှု တွေနဲ့ပတ်သက်ပြီးတော့ လည်း

“ညီမအခုနောက် ပိုင်းမှာဗီဒီယိုဆိုရင် ကာရိုက်တာသေချာရွေးပြီးတော့ ရိုက်ဖြစ်တယ်။

အခုရက်ပိုင်းမှာဗီဒီ ယိုတွေသိပ်မရိုက်ကြတော့ပါဘူး။ ဒါပေမဲ့ညီမကိုလာကမ်းလှမ်း တဲ့အခါကျရင်ကာရိုက်တာကိုသေ ချာကြည့်ပြီးတော့ရိုက်ဖြစ်တယ်”

လို့ People Magazine ရဲ့ အင်တာဗျူးမှာ ပြောပြထားပါတယ် ။

သူမအနေနဲ့ လတ်တလောမှာတော့ သရုပ် ဆောင်လူမင်းနှင့်အတူဇာတ်ကား တစ်ကားရိုက်ကူးနေပြီး OPPO ရဲ့ဇာတ်လမ်းစီးရီးမှာလည်း ပါဝင်သရုပ်ဆောင် ထားတယ် လို့သိရပါတယ်။ 

Source : People Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။